Kaung's POV 7

235 15 0
                                    


နောက်တစ်နေ့တွင် လင်းသည် စာသင်ပြီးတာနှင့် ကျွန်တော့်ကို ဂရုမစိုက်ဘဲ စာသင်ခန်းထဲမှ ထွက်သွားလေသည်။အရင်ချိန်တုန်းက ဘယ်ကိုပဲသွားသွား နှစ်ယောက်အတူတူ သွားခဲ့ပေမယ့် ယခုအချိန်တွင် လင်းသည် ကျွန်တော့်ကို ချန်ရစ်ခဲ့လေပြီ။

'မင်းသွားလိုရာသွားနိုင်ပါတယ် လင်း...ငါကတော့ မင်းဘေးနားမှာ အရိပ်တစ်ခုလို အမြဲတမ်းရှိနေမှာပါ....'

ထွက်ခွာသွားသော လင်း၏ကျောပြင်ငယ်ကို ကြည့်ပြီး ကျွန်တော် တီးတိုးရေရွတ်ကာ အဆောင်ကိုသာပြန်လာခဲ့လိုက်တော့သည်။ညနေခင်း အတန်းချိန်မရှိသဖြင့် အဆောင်တွင် တစ်ရေးလောက်အိပ်ရဦးမည်။မနေ့ညက ဝမ်းနည်းနေသောကောင်လေးကြောင့် ကျွန်တော်အိပ်မပျော်ခဲ့။သူဘာတွေတွေးပြီး ဝမ်းနည်းနေတာလဲဆိုတာ သိချင်ပေမယ့် သူ့ခံစားချက်အရိပ်အယောင်တို့သည် အဖြူရောင်ကင်းဗက်စလို ရှင်းလင်းနေသည်။

အဆောင်ပြန်ရောက်တော့ လွယ်အိတ်ကို ခုတင်ပေါ်တင်ပြီး ရေသောက်ကာ ခေတ္တနားလိုက်သည်။ပြီးတာနှင့် ထမင်းစားဆောင်ရှိရာဆီ ထွက်လာလိုက်သည်။ထမင်းစားဆောင်ရောက်တော့ ကျွန်တော့်အတွက် ထမင်းခူးပြီး လင်းအတွက်ပါ ခူးထားပေးလိုက်သည်။သိပ်မကြာခင်အချိန်မှာပင် လင်း ထမင်းစားဆောင်ကိုရောက်လာလေသည်။ကျွန်တော့်ကိုတွေ့တော့ ကျွန်တော့်ဘေးနားမှာ လင်း ဝင်ထိုင်လေသည်။လင်းဝင်ထိုင်ပြီး ထမင်းစားဖို့ပြင်‌နေချိန် ကျွန်တော် သူ့ကို ခနဲ့ သောစကားတို့ကို ဆိုလိုက်သည်။

"အတန်းချိန်ပြီးထဲက ထွက်သွားတာ အခုချိန်မှပြန်ရောက်လာတာ တော်တော်မှ ပျော်ခဲ့ရဲ့လား"

"...."

"အေးပေါ့လေ အသစ်တွေ့တော့လည်း အချိုးတွေတောင် ပြောင်းကုန်ပြီ"

"...."

ကျွန်တော်ကသာ စကားပြောနေပေမယ့် လင်းကဘာမှမပြော။စားစရာရှိတာကိုသာ စားနေလေ၏။ ကျွန်တော် လင်းကိုသေချာကြည့်လိုက်တော့ အရိုးမထွင်ရသေးသောငါးကို ထမင်းနှင့်နယ်ပြီး စားဖို့လုပ်နေသဖြင့် ကျွန်တော်လင်း လက်ကို အမြန်ဆွဲတားလိုက်ရသည်။စိတ်တွေက ဘယ်ရောက်နေမှန်းမသိ။

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now