Part 19

703 43 15
                                    


အချိန်တို့သည်ကား လေအလျင်လိုပင် တရွေ့ရွေ့ကုန်ဆုံးနေတော့သည်။ ပိတောက်ပွင့်ချိန် ၊ ကံ့ကော်ပွင့်ဝေချိန် တို့သည်လည်း တဖန်ပြန်လည် လည်ပတ်လို့လာတော့သည်။နှစ်ဟောင်းက အညစ်အကြေးကို ဆေးကြောသန့်စင် ပေးမည့် မဟာသင်္ကြန်ရောက်ဖို့ တစ်ပတ်သာလျှင်လိုတော့သည်။

အန်တီနန်း၊မေမေ၊ဖေဖေ နှင့် မမ တို့သည် သင်္ကြန်တွင်း တရားစခန်းဝင်ဖို့ ကြိုတင် တိုင်ပင်ထားကြလေသည်။ မေမေကတော့ တရားစခန်း မဝင်ခင် ကတည်းက ကျန်ခဲ့မည့် ကောင်း၊ပေါင်းပေါင်း နှင့် ကျွန်တော်တို့အတွက် ဟင်းရံများကို ကြိုတင်ကြော်လှော်ပေးနေတော့သည်။

"မေရယ် တော်ပါတော့ ဟင်းတွေက အများကြီးဖြစ်နေပြီ...မေ တို့တရားစခန်းက ဆယ်ရက်တည်း...မေ ချက်ပြုတ်နေတာက တစ်လစာလောက်တောင် ရှိနေပြီ"

မေမေ ပင်ပန်းမည် စိုးသောကြောင့် သတိပေးစကားဆိုရသော်လည်း မေမေကတေယ့ ပြုံးရွှင်နေတော့သည်။

"သားရယ် အခုက နည်းနည်းလေးပါပဲ...သား တက္ကသိုလ် တက်တုန်းကမှ ချိုင့်ကြီး၊ချိုင့်ငယ် အသွယ်သွယ်နဲ့ မေမေ ချက်ပေးရတာတွေ မှအများကြီးပဲ..."

"ဟွန်း...အဲ့တုန်းကလည်း သား မေ ပင်ပန်းမှာစိုးလို့ ဟင်းတွေ မပို့ခိုင်းပါဘူးနော်..."

"သိပါ့တော်...သိပါ့...အဲ့လို အလိုက် သိတတ်လွန်းလို့ မေမေက သားကို ချစ်နေရတာပေါ့...."

"မေ ပြောမှပဲ တက္ကသိုလ် တက်ချိန်ကို ပြန်သတိရလာပြီ...အဲ့တုန်းက တော်တော်ပျော်ဖို့ ကောင်းခဲ့တာ..."

"ဟုတ်ပါ့...သားမျက်နှာလေးဆို ဘယ်ချိန်ကြည့်ကြည့် ပြုံးလို့ ရွှင်လို့လေ...အဲ့တုန်းက သားကောင်းနဲ့သားဆို ခွဲလို့တောင် မရဘူးလေ တပူးပူးတတွဲတွဲနဲ့...."

"ဟီး....ဟုတ်တယ်နော် မေ...ဟီး..."

ကျွန်တော်လည်း မေမေနှင့် စကားပြောရင်း တက္ကသိုလ်တက်ချိန်ကို ပြန်လည် သတိရ မိ‌သွားတော့သည်။ အဖြစ်အပျက်တို့သည် လျင်မြန်စွာပင် ကုန်ဆုံးခဲ့ပါသော်လည်း ထိုအဖြစ်အပျက်တို့ကို ပြန်လည် တွေးတောမိလေတိုင်း ကြည်နူးရခြင်းတို့သည် နှလုံးသားအပြည့် ပြည့်လျှံလို့လာတော့သည်။

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now