Part 35

626 33 0
                                    

ရက်များစွာ ကုန်ဆုံးပြီးသည့်နောက် စံနွဲ့ သည် ပေါင်းပေါင်း ကိုခေါ်ပြီး ရန်ကုန်ပြန်သွားလေတော့၏။ အန်တီနန်းကတော့ ကောင်း နှင့်အတူ နေခဲ့ပြီး မေမေ့ဆီသို့ ရံဖန်ရံခါ လာလည်တတ်လေသည်။ ကျွန်တော် နှင့် ကောင်း ၏ဆက်ဆံရေးသည်လည်း အဆင်ပြေလျက်ရှိနေပြီး မမ ကိုလည်း ကောင်း အကြောင်း ကျွန်တော် ပြောပြခဲ့လေသည်။ မမက ကောင်း နှင့် ကျွန်တော့်အကြောင်း မေမေ့ကို ဖွင့်ပြောခိုင်းလေသည်။

ကျွန်တော်လည်း မေမေ့ကို ကျွန်တော်နှင့်ကောင်း အကြောင်း ဖွင့်ပြောဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးသည်။ သို့သော်လည်း မေမေ လက်မခံမှာကို ကြောက်နေမိပြန်သည်။ မေမေသာ လက်မခံခဲ့ရင် ‌ ရှေ့ဆက်တိုးဖို့ ခက်ခဲပေလိမ့်မည်။ ကောင်း ကိုလည်း ဘယ်တော့မှ လက်မလွှတ်တော့ဖို့ ကျွန်တော် ဆုံးဖြတ်ပြီးသား။ ကောင်း ကိုလည်း ကျွန်တော် စိုးရိမ်နေတာတွေ မပြောပြချင်။ သူ့ကိုလည်း စိတ်မပူစေချင်ပါ။

‌ဖေဖေ့ကို တိုင်ပင်ကြည့်တော့ ဖေဖေကလည်း မေမေ့ကို ပြောပြထားဖို့ ကျွန်တော့်ကို ပြောလာလေသည်။ ဖေဖေလည်း အခါအခွင့်သင့်ရင် ပြောပေးမယ်လို့လည်း ကျွန်တော့်ကို ပြောလေ၏။

ကောင်း လည်း အလုပ်ကိစ္စများကြောင်း ရန်ကုန်သို့ ခဏပြန်သွားလေသည်။ အန်တီနန်းလည်း ကောင်းနှင့်အတူပင် ပြန်လိုက်သွားလေသည်။ ‌သူရန်ကုန်နေချိန် ကောင်းသည် ကျွန်တော့်ကို တစ်ရက် သုံးခါထက်မနည်း ဖုန်းဆက်လေသည်။ ကျွန်တော် ဘာလုပ်နေတယ်၊ ဘာဟင်းနဲ့ထမင်းစားတာက အစ သိချင်နေတတ်သည်။ ကျွန်တော်အပြင်သွားလို့ ဖုန်းမကိုင်မိရင်လည်း ဘယ်သွားနေတာလဲ ၊ ဘယ်သူနဲ့သွားတာလဲက အစ စေ့စေ့ပေါက်ပေါက် မေးတတ်သေးသည်။

ပေါင်းပေါင်းလေးနှင့်လည်း ကျွန်တော် ညတိုင်းဖုန်းပြောဖြစ်သည်။ ပေါင်းပေါင်း သည် ယခုအခါတွင် ပို၍ပျော်နေပုံရသည်။ စံနွဲ့လည်း ပေါင်းပေါင်း အပေါ်ပို၍ ဂရုစိုက်ပေးနေကြောင်း ကောင်း  ကျွန်တော့်ကို ပြောပြထားလေသည်။

ကျွန်တော် ကောင်းနှင့် ဖုန်းပြောနေစဉ် ဧည့်သည်ရောက်နေတယ် ဟုပြောပြီး မေမေ ကျွန်တော့်ကို လာခေါ်လေသည်။ ဘယ်သူများပါလိမ့် ဟုတွေးရင်း မေမေ့နောက်ကနေ ကျွန်တော်လိုက်လာလိုက်သည်။ ဧည့်ခန်းထဲရောက်တော့ စားပွဲပေါ်တွင်တင်ထားသော မဂ္ဂဇင်းစာအုပ်ကို ဖတ်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ကျွန်တော်လည်း ဧည့်ခန်းထဲရောက်တော့ ထိုသူသည် ကျွန်တော့်ကို မော့ကြည့်လာလေသည်။

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now