Part 25

699 39 0
                                    

ကော်ဖီဆိုင်လေးထဲမှ ထွက်လာချိန်တွင် ညနေစောင်းနေပြီ ဖြစ်သည်။ ကျွန်တော့်လက်တစ်ဖက်ထဲတွင်တော့ နှင်းဆီပန်းဖြူဖြူပန်းစည်းကလေး။ နောက်တစ်ဖက်ကိုတော့ ကောင်းက လွတ်သွားမည့်အလား တင်းကျပ်စွာပင် ဆုပ်ကိုင်ထားလေသည်။

ကျွန်တော် ဆိုင်ကယ်ပေါ်တက်ပြီးချိန်တွင်တော့ ကျွန်တော့်လက်တွေကို ယူပြီး ကောင်းက သူ့ခါးကို ဖက်ထားခိုင်းလေတော့သည်။ ကျွန်တော်တို့နှစ်ယောက်၏ ဆိုင်ကယ်လေးသည်လည်း ကော်ဖီဆိုင်လေးနှင့်ဝေးရာဆီသို့....။

"လင်းလေး....မြို့ထဲရောက်ရင် ဘာစားအုန်းမလဲ"

"ကောင်းရယ် ဆိုင်ကယ်မောင်းနေရင် စကားသိပ်မများနဲ့"

"ကိုယ့်လင်းက ကြောက်လို့လား..."

"...."

"ပြန်လည်း မဖြေဘူး...လင်းလေး အကင်စားမလား...ကိုယ် အကင်ဆိုင်မှာ ရပ်လိုက်မယ်လေ"

"အင်း...စားချင်တယ်...ပြီးတော့ ဝိုင်လည်း သောက်ချင်တယ်..."

"တကယ်လား...လင်း သာသောက်မယ်ဆို ကိုယ်ဝယ်တိုက်မှာနော်"

"အင်း...ဝယ်တိုက်"

မြို့ထဲရောက်တော့ ကျွန်တော့်ကို ဆိုင်ကယ်နားတွင် ထားခဲ့ပြီး ကောင်း သည်စတိုးဆိုင် တစ်ဆိုင်ထဲဝင်ပြီး full moon လေးပုလင်းဝယ်လာလေသည်။

"ကောင်း...ဘာလို့ ပုလင်းတွေအများကြီး ဝယ်လာတာလဲ"

"အာ...ဒါက သိပ်မပြင်းဘူးလေ...အဲ့တာကြောင့်...ဘေဘီ မကုန်ရင် ကိုယ်သောက်ပေးမှာပေါ့"

"မင်းနော် ဘာ‌တွေပြောနေတာလဲ..."

ကောင်း ခေါ်ဝေါ်လိုက်တဲ့ နာမ်စားကြောင့် ကျွန်တော့်မျက်နှာ ပူလာရပြန်သည်။

"လင်းလေးကလည်း ကိုယ်က ကိုယ့်ချစ်သူကို ချစ်စနိုးနဲ့ ဘေဘီ လို့ခေါ်တာလေကွာ..."

"ဘာဘေဘီလဲ...ရွယ်တူတွေပဲကို"

"ဒါပေမယ့် လင်းလေးက ကိုယ့်ထက် သုံးလငယ်တယ်လေ...အဲ့တာဆို ချစ်လို့ခေါ်ရမလား...သဲတုန်း ဆိုရင်ကော...ဟင် ဘယ်လိုလဲ"

"ကောင်းနော်...သွားရအောင်...အကင်သွားဝယ်မယ်လေ...ပြည့်ပြည့်အတွက်ပါ ပိုဝယ်လိုက်ရအောင်...သူ ငါတို့ကို စိတ်ဆိုးနေတာ...."

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now