Intro

22.2K 685 17
                                    

Unicode

.....

"ကျွန်မအရေးတကြီးပြောစရာရှိတယ်!"


" ကိုယ်ရဲ့အရာရာတိကျသေချာတဲ့ ချစ်ဇနီးလောင်းလေးပြောမယ့်စကားကို ကိုယ်သေချာနားထောင်နေပါတယ်"ဟု  သူမရဲ့လက်ကိုနူးညံ့စွာကိုင်ရင်း ယဉ်ကျေးစွာပြန်ပြောလေတယ်

သူမက သူရဲ့ခပ်ပေါ့ပေါဟာသစကားကြောင့်ပင် ပိုဝမ်းသာသွားမိတော့တယ်. ဘယ်လိုလိုဘဲဖြစ်ဖြစ် အိမ်ရှေ့စံမင်းသားနဲ့ သူမတို့စုံတွဲဟာဘယ်တော့မှ အတည်ဖြစ်လာမှာမဟုတ်ဘူး။

နှုတ်ဆိတ်နေတဲ့သူမကိုကြည့်ပြီး သူလဲတုံ့ဆိုင်းနေတုန်း သူမအသက်ကိုရှုသွင်းလိုက်ပြီး သူမရဲ့နှုတ်ခမ်းပါးမှ ပြတ်သားတဲ့စကားတို့ထွက်လာတော့တယ်

"ကျွန်မတို့ရဲ့စေ့စပ်ပွဲကြောင့်နဲ့မင်းသားစိတ်ပူပန်နေစရာမလိုပါဘူး မင်္ဂလာပွဲကိုလဲဖျက်သိမ်းကြရအောင် စေ့စပ်ပွဲကလဲတရားဝင်လုပ်ထားတာမှမဟုတ်တာလေနော်"

သူမစကားကိုအရမ်းဒဲ့ဒိုကြီးများပြောလိုက်မိပြီလား!! Louiseကို မှန်းဆရခက်တဲ့အကြည့်မျိုးနဲ့စိုက်ကြည့်နေပြီး မင်းသားကတော့အလွန်ရှော့ဖြစ်သွားပုံရတယ်

"ဘာပြောတယ်"
သူကနားမလည်သယောင် မေးခွန်းထပ်ဆိုတယ်.

"ကျွန်မက ကျွန်မတို့ငယ်စဉ်ကလေးဘဝဆော့ကစားတုန်းက အပျော်သဘောအနေနဲ့ပေးခဲ့ဖူးတဲ့ စေ့စပ်မယ့်ကတိကို ဖျက်သိမ်းရအောင်ပြောတာပါ"

သူ့ရဲ့မျက်ဝန်းပြာတွေကတုန်လှုပ်နေပြီး စကားပြောဖို့တောင်မေ့နေပုံပါဘဲ. အမှတ်မထင်သူမရဲ့အပြုမှုကြောင့် အံ့သြသွားရမှာကိုအားနာပေမယ့် ကျွန်မမှာလဲရွေးချယ်ခွင့်ကရှိမနေဘူးလေ

သူမရဲ့ဒီမင်္ဂလာပွဲက သူမဘဝရဲ့အဆိပ်တောက်ဖြစ်လာမှာဘဲဟာ.ဘာလို့ဒီလောက်တောင်သေချာနေတာလဲဟုတ်လား ??

သေချာတာပေါ့ကျွန်မက ဒီဇာတ်ကြောင်းကိုကျေညက်အောင်ဖတ်ထားပြီးသားမို့လေ!!!!

အမျိုးသားဇာတ်လိုက်၏ ဗီလိန်ချစ်ဇနီး(Myanmar Translation)Where stories live. Discover now