Ch-23.2

1.1K 125 2
                                    

Unicode

ပန်းတွေကို အချိန်တော်တော်ကြာစီစဉ်ပြီးတဲ့နောက်မှာတော့ သူမရဲ့တောင့်တင်းနေတဲ့လက်ချောင်းတွေကိုအကြောဆန့်လိုက်ပြီး ခန်းမကိုလှည့်ပတ်ကြည့်လိုက်တယ်။ သူမတို့မိသားစုက ရာသီအလိုက်ကျွမ်းကျင်သူတွေလောက်တော့သူမ လုပ်ထားတာကပြောစမှတ်မပြုရလောက်ပေမဲ့ ဒါကတော်တော်လေးကောင်းတယ်လို့ ပြောရတယ်။

ကျက်သရေရှိတဲ့ လေထုအခြေအ‌နေကိုမြှင့်တင်ပေးနေတဲ့ အနုပညာနဲ့ပန်းတွေရဲ့ပေါင်းစပ်မှုပြီးတော့ ခဏနေရင်ဒီမှာဂီတသံစဉ်တွေလည်းရှိနေလိမ့်မယ်။

သူမကကြမ်းပြင်ပေါ်မှာရှိနေတဲ့ဥယျာဉ်သုံးကတ်ကြေးကို ကောက်ကိုင်လိုက်တဲ့ အချိန်မှာပဲကြီးမားတဲ့ခန်မကြီးရဲ့တံခါးကပွင့်လာတယ်။ ပါမောက္ခကိုသွားခေါ်လိုက်ဦးမယ်လို့ပြောသွားတဲ့အီရန်က သူမနဲ့အတူပြန်ရောက်လာတာပဲ ဖြစ်တယ်

ပါမောက္ခကအခန်းကို ဖြေးဖြေးချင်းကြည့်ရှုစစ်ဆေးပြီးနောက်မှာ ကျေနပ်တဲ့ အပြုံးနဲ့ပြုံးလိုက်တယ်။

ကလယ်ရာက လူးဝစ်ကိုတိုးတိုးလေးကပ်ပြောလိုက်တယ်
" တော်သေးတာပေါ့ "

" ဘာလို့လဲ? "

ကလယ်ရာကတိုးတိုးလေးပြန်ပြောတယ် " ပါမောက္ခJuliana Lassen က တအား တင်းကြပ်တာ ပြောရရင်ဇီဇာလဲကြောင်တယ် "

" Juliana Lassen... "

ရင်းနှီးနေတဲ့နာမည်ပဲ။ သူမဒီနာမည်ကို မူလဝတ္ထုထဲမှာအများကြီးမြင်ဖူးသလိုပဲ ။လူးဝစ်ပါမောက္ခရဲ့ပုံစံကို သေသေချာချာလေ့လာကြည့်လိုက်တယ် လည်ထောင်ဘလောက်စ်အင်္ကျီနဲ့ ဆံပင်ကိုလည်းသေချာဖြီးထားတယ်။ ပြီးတော့အနည်းငယ်ပိန်ပါးတဲ့ခန္ဓာကိုယ်နဲ့ ပြတ်သားတဲ့မျက်လုံးတွေ ရှိတယ်

အို... သူမမှတ်မိပြီအဲတာက ဆင်းရဲဒဏ်ခံစားနေရတဲ့ ဇာတ်လိုက်မ စတယ်လာကိုကျောင်းတက်နိုင်ဖို့ကူညီပြီး စပွန်ဆာပေးထားတဲ့ပါမောက္ခပဲ!!

သူမကနိုင်ငံထဲမှာရှိတဲ့ တော်ဝင်အမျိုးသမီးအနည်းငယ်ထဲက တစ်ယောက်လည်း ဖြစ်တယ်။ လူးဝစ်ကပိုပြီးအသေးစိတ်မှတ်မိဖို့ ကြိုးစားနေချိန်မှာကလယ်ရာ ကလည်းဆက်ပြီးရှင်းပြနေတယ်

အမျိုးသားဇာတ်လိုက်၏ ဗီလိန်ချစ်ဇနီး(Myanmar Translation)Where stories live. Discover now