Ch-39

465 53 2
                                    

Unicode
၃၉. ရှက်ဖို့ကောင်းလိုက်တဲ့ အခြေအနေကြီး (၂)
......

ဒါပေါ့ အီရန်မရှာဖွေနိုင်တဲ့အရာဆိုတာမရှိဘူး‌ သူကပြီးပြည့်စုံနေတဲ့ အာဏာကိုပိုင်ဆိုင်ထားတဲ့သူပဲလေ

ဒါပေမဲ့လည်း

" ရှင်အဲလိုဆိုတိုင်း ဈေးကြီးတဲ့အဝတ်ကို တွေ့ကရာကနေဆွဲယူလာလို့မရဘူးလေ! " အီရန် သူမဆီကို ယူလာတဲ့ အဝတ်အစားကို ဖက်ထားရင်း လူးဝိစ်အော်လိုက်တယ်။

သူမတို့ ပထမဆုံးရပ်တဲ့နေရာက ရောင်းဝယ်ရေးနယ်မြေရဲ့ အလယ်ဗဟိုဖြစ်တဲ့ ကုန်သည်တွေစုဝေးတဲ့နေရာပဲ။ အဲ့နေရာကကုန်သည်တွေတည်းခိုခန်းရှာ‌ဖွေဖို့ရာအတွက် ရိုးရှင်းတဲ့နေရာတစ်ခုပဲဖြစ်ပြီးတော့ သူတို့သာ ကံကောင်းမယ်ဆိုရင် တင်သွင်းလာတဲ့အဝတ်အစားတွေ အထည်အလိပ်တွေ ကျောက်မျက်ရတနာတွေကို အချင်းချင်းတခါထဲလဲလှယ်နိုင်တယ်

ဒါပေါ့အဲဒါတွေအားလုံးကတော့ ‌အရမ်းကိုဈေးကြီးကြတယ်လေ
ခုလဲဒီအင်္ကျီတစ်ထည်ကိုဘယ်ကယူလာပြန်တယ်မသိဘူး။

" အဲဒါအတွက် ပိုက်ဆံပေးခဲ့ပြီးပြီ "

" ဘာ? "

" စိတ်မပူပါနဲ့ ဘာပဲဖြစ်ဖြစ် မင်းကိုကျောင်းဝင်ခွင့်လက်ဆောင်အဖြစ် တစ်ခုခုပေးချင်နေခဲ့တာ "

" အို... ကျွန်မ လက်မခံနိုင်ဘူး "

" အဲအတွက်မင်းကြိုးစားထားခဲ့ရတာလေ ဘယ်လိုပဲဖြစ်ဖြစ်ကိုယ်ကတော့  ဒီဝတ်စုံကိုရဖို့အတွက်တအားကြိုးစားလာရတာနော်။ ' ကျွန်တော့်ကိုဝယ်ခွင့်ပြုပါ မဟုတ်ရင်ကျွန်တော့်ရဲ့အပေါက်ဆိုးတဲ့ သခင်မဆီကနေ အလုပ်ထုတ်ခံရလိမ့်မယ်´ ဆိုပြီး ကိုယ်သူတို့ကိုတောင်းပန်ခဲ့ရတာ "

" ရှင်ရဲ့အပေါက်ဆိုတဲ့သခင်မဆိုတာ ကျွန်မကိုပြောနေတာတော့မဟုတ်လောက်ပါဘူးနော်? "

" ဒါပေါ့ ကိုယ့်သခင်မလေးဘယ်လောက်နူးညံ့တယ်ဆိုတာ ကိုယ့်အပြင်ဘယ်သူသိနိုင်မှာလဲ အပေါက်မဆိုးရပါဘူး.. " သူကသူမကို သူ့ရဲ့သခင်မတစ်ယောက်အဖြစ် ခပ်နိမ့်နိမ့်ဦးညွှတ်လိုက်တယ်

" အဲတော့သခင်မ ဘာလို့အဝတ်မလဲသေးတာလဲ? "

ပြီးတော့သူကသဘောထားကြီးစွာနဲ့ တံခါးတောင်ဖွင့်ပေးသေးတယ်! အီရန်က ကုန်သည်တွေနဲ့စကားပြောခဲ့ပြီး အစည်းအဝေးအခန်းလွတ်တစ်ခုကို ငှားခဲ့တာပဲဖြစ်ရမယ်

အမျိုးသားဇာတ်လိုက်၏ ဗီလိန်ချစ်ဇနီး(Myanmar Translation)Where stories live. Discover now