Ch-31

896 100 7
                                    

Unicode

၃၁. ဘာပဲဖြစ်ဖြစ် သူမက ငါ့အပိုင်ပဲကို (၂)
.....

အီရန်ရဲ့လက်ကနေ လွတ်သွားချင်းချင်းပဲ လူးဝိစ်ကလုပ်စရာတစ်ခုခုရှိတယ်‌လို့ပြောရင်း စာကြည့်တိုက်ရဲ့အတွင်းပိုင်းကိုပြေးဝင်သွားတယ်

" လူးဝိစ်ဆွီနေးက အရမ်းကိုသဘောကောင်းတာပဲ "

လူးဝိစ်အလောတကြီးထွက်သွားတာကိုကြည့်ရင်း စတယ်လာကသဘောတကျပြောလိုက်တယ်

" သူမက လူတိုင်းအပေါ် သဘောကောင်းတာ
သူမကို လူတိုင်းက သဘောကျကြတယ်
သူမအပေါ် လူတိုင်းက မှီခိုကြတယ်

...စဉ်းစားကြည့်မယ်ဆိုရင် ကျွန်မ ကောလဟာလ တစ်ခုကြားထားတယ် " ခုမှ တစ်ခုခုကိုသတိရလိုက်မိသလို စတယ်လာကခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီးဆက်ပြောတယ်

" ဒီနှစ်ရဲ့ ထိပ်တန်းကျောင်းသူလူးဝိစ်ဆွီနေးက ကျောင်းသားသမဂ္ဂဥက္ကဌရဲ့အသုံးချတာ နှောင့်ယှက်တာကိုခံနေရတယ်တဲ့ "

သူမက လက်ခုပ်တီးလိုက်ပြီးတော့ထပ်ပြောတယ်
"အားအဲ့ဒါဆိုရှင်ပေါ့ ဒါမယ့်ရှင်ကအဲ့လိုမကောင်းတဲ့အရာမျိုး လုပ်မဲ့ပုံမပေါ်ပါဘူး "

" အဲ့လိုဆိုရင်တောင်ဘာဖြစ်နေလို့လဲ? "

အဲတာကမျှော်လင့်မထားတဲ့တုံ့ပြန်မှုပဲ စတယ်လာဘာဆက်ပြောရမယ်ကိုတောင် တွန့်ဆုတ်မိသွားတယ်
" အင်း... တစ်စုံတစ်ယောက်ကို အခွင့်ကောင်းယူတာ သူတို့ကို နှောင့်ယှက်တာကြီးက... "

" ဘာပဲဖြစ်ဖြစ် သူမက ငါ့အပိုင်ပဲကို "

" ...ဘာ? " စတယ်လာမျက်လုံးပြူး မျက်ဆံပြူးဖြစ်သွားမိတယ်

သူကမောက်မာစွာ ပြုံးလိုက်ရင်း
" အဲတာကအံ့ဩဖို့ ကောင်းလို့လား? "

" အို...ဒါ_ဒါပေါ့ "

ငါ့အပိုင်တဲ့ အဲ့တာကထမင်းစားရေသောက်ပြောတဲ့ခါ သုံးတတ်တဲ့စကားလုံးတစ်လုံး မဟုတ်ဘူးလေ။ ဒါပေမဲ့အီရန်ကတော့ အရမ်းကို သဘာဝကျကျဖြေလိုက်တာ

" ငါက လူးဝိစ်ဆွီနေးအပေါ်မှာမှီခိုတယ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေအားလုံးက ငါ့ရဲ့လက်တွေပဲ မဟုတ်လား " အဲဒီ သာမန်ဖြေရှင်းချက်က စောစောကအပိုင်းဆိုတာကြီးနဲ့ဘာဆိုင်လို့လဲ

အမျိုးသားဇာတ်လိုက်၏ ဗီလိန်ချစ်ဇနီး(Myanmar Translation)Where stories live. Discover now