Ch-3

4.3K 506 9
                                    

Unicode

သူမ အီရန်နဲ့ ဘုရားကျောင်းကဈာပနပွဲမှာ ပထဆုံးစတွေ့ဖူးကြတယ်။ အဲ့တုန်းက သူမက၆နှစ်ဘဲရှိသေးသလို ဒီဇာတ်လမ်းထဲကို ကူးပြောင်းခါစအချိန်လောက်ကပေါ့

သူမအတွက်ကတော့ ဒီဈာပနပွဲကအတော်လေးကို ထူးဆန်းနေတယ်

ဘာကြောင့်ဆို ဘယ်သူမှငိုမနေကြတာဘဲ!

အသုဘလိုက်ပို့တဲ့သူတွေက အမဲရောင်တွေဝတ်ဆင်ထားကြပြီး ဦးညွတ်အလေးပြုနေကြတယ် ဒါပေမယ့်သူတို့မျက်ဝန်းထဲမှာ မျက်ရည်စတွေတောင်ရှိမနေဘူး

ဘုရင်မကြီးသေဆုံးတာမို့လို့တူပါတယ်လေ ပုံမှန်ထက်အများကြီးထူးဆန်းလွန်းတယ်!!!! အဲ့မှာငိုနေတဲ့သူဆိုလို့တစ်ယောက်ဘဲရှိတယ် အဲ့ဒါကဘယ်သူလဲဆို

လူးဝစ်ရဲ့အမေဘဲ(သူမအမေပါ)

ဘုရင်မကြီးက အထက်တန်းလွှာမဟုတ်ဘဲ သူမမိခင်လို သာမန်အတန်းစားကဘဲမွေးဖွားလာခဲ့တာ။ သူမရဲ့မိခင်ကအချိန်တန်အရွယ်ရောက်တော့ အောင်မြင်တဲ့သူဋ္ဌေးတစ်ယောက်နဲ့လက်ထပ်ခဲ့တယ် ။ ဘုရင်မကြီးကတော့ ဘုရင်ကြီးနဲ့လက်ထပ်ခဲ့တယ်

သူမတို့နှစ်ယောက်လုံး သူမတို့ပတ်ဝန်းကျင်မှာသင့်တော်အောင် နေထိုင်ခဲ့ကြတယ် ပြီးတော့သူမတို့နှစ်ယောက်ဟာ တစ်ချိန်တုန်းက ကျောင်းတော်ကြီးမှာအတူတူတက်ခဲ့တဲ့ အချစ်ဆုံးအတန်းဖော်တွေဆိုလဲမမှားဘူး

လူးဝစ်လေးမမွေးခင်ကတောင်မှ ဘုရင်မကြီးက သူမမိခင်ပြောခဲ့ဖူးတယ် "အကယ်၍နင့်မှာသာ သမီးမိန်းကလေးမွေးရင်ဘယ်လောက်ကောင်းမလဲနော် အဲ့ဒါဆိုတော်ဝင်မိသားစုက ငါ့သားနဲ့လက်ထပ်ပြီး တို့တွေကတစ်မိသားစုဖြစ်လာမှာ!" တဲ့

လူတွေအများကြီးထဲမှာမှ တစ်ယောက်ထဲငိုယိုနေတဲ့သူမရဲ့အမေကို ဈာပနပွဲလာတဲ့ဧည့်သည်တွေက စူးရှတဲ့မျက်လုံးနဲ့ကြည့်နေကြတယ် အဲ့မျက်ဝန်းတွေရဲ့အဓိပ္ပါယ်ကို မူလဝတ္ထုဖတ်ဖူးသူပီပီ လူးဝစ်နားလည်ပါတယ်

သာမန်မျိုးနွယ်ဝင်ကဘုရင်မက အရင်ကသူမရဲ့နန်းတော်ကဘယ်သူ့ကိုမှ ကြိုဆိုဘူးလို့ပြောဖူးခဲ့တယ် ဘုရင်မကြီးကအချိန်တွေကို သူမရဲ့ချစ်လှစွာသောသားငယ်လေးနဲ့ ဘဲကုန်ဆုံးလေးရှိပြီး သူမရဲ့တစ်ဦးတည်းသောသူငယ်ချင်း လူးဝစ်အမေနဲ့စာပို့ရတာကိုဘဲပျော်ရွှင်တတ်တယ်

အမျိုးသားဇာတ်လိုက်၏ ဗီလိန်ချစ်ဇနီး(Myanmar Translation)Where stories live. Discover now