Ch-6

3.4K 345 3
                                    

Unicode

ကြည့်ရတာဒီခဏလေးမှာပဲ လူးဝစ်အသက်ဘယ်လိုရှူရမလဲတောင် မေ့သွားသလိုပဲ..

သူမရဲ့အတွေးတွေက သူမခေါင်းထဲမှာ မုန်တိုင်းဝင်မွှေနေသလိုမျိုးဗြောင်းဆန်နေတယ် ပြီးတော့ အီရန်နဲ့သူမတော်တော်ကြီးကို နီးကပ်နေခဲ့တယ်ဆိုတာလည်း သတိထားမိနေခဲ့တယ် ..

သူမထင်လိုက်တာက နားနားကပ်ပီးတိုးတိုးလေးပြောနေတာဖြစ်လို့ ဒီလောက်နီးကပ်နေခဲ့တယ်ပေါ့ အီရန်ကဒီအခြေအနေမှာတောင် မငြင်းနိုင်အောင်ချောမောလှပနေတုန်းဘဲ

" ဘာတွေဒီလောက် လန့်ဖြန့်နေရတာလဲ? "
အီရန်ကမေးလိုက်တယ် ...

"အရှင့်သားက ကျွန်မနောက်မှာ ရုတ်တရက်ကြီးရောက်နေလို့လေ "  လူးဝစ်က ပြန်ပြောလိုက်တယ်

" ကိုယ်မင်းကို တော်တော်ဝေးဝေးတည်းကခေါ်သားပဲ ဒါပေမယ့် တုပ်တုပ်တောင်မလှုပ်တာ။ တွေးတော့တွေးမိလိုက်ပါတယ် ကိုယ့်ကိုတောင်မကြားနိုင်လောက်အောင် စိတ်ဝင်စားစရာတခုခု ရှိနေမယ်လို့ "

" ဒါတော့ ... ကျွန်မ.. " လူးဝစ်ဆံပင်တချို့ကို တုန်တုန်ယင်ယင်သပ်တင်ရင်း ဖြေရခက်နေတယ်

အီရန် လူးဝစ်ကို တချက်မျက်မှောင်ကြုတ်စိုက်ကြည့်ပီးတော့ လူးဝစ်ဘယ်ကိုငေးနေခဲ့တာလဲ ဆိုတာလည်းစူးစမ်းလိုက်တယ် နောက်တော့

" စာအုပ်ကို ဒီလိုပဲဖတ်တတ်တာလား? "

အီရန်ဘယ်ကိုကြည့်နေတယ်ဆိုတာကို မသိပေမယ့်လူးဝစ် ခေါင်းညိတ်ပြလိုက်တယ်..'ငါ လူချောင်းနေတာ .. စာဖတ်နေတာမဟုတ်ဘူး´ လို့တော့ သွားပြောလို့မှမရတာလေနော်

" ဟုတ်တယ် ဒီရက်ပိုင်းဒီအကြောင်းအရာကို စိတ်ဝင်စားလို့ .. လိုက်လေ့လာနေတာ "  လူးဝစ်က ရောယောင်ဖြေလိုက်တယ်

" စိတ်ဝင်စားတယ်.. ဒါကိုမင်းလေးက? "

အီရန်မျက်မှောင်ထပ်ကျုံ့ပီး လူးဝစ်ကိုပြန်မေးလိုက်တယ် လူးဝစ်ကတော့ ချက်ချင်းခေါင်းပြန်ညိတ်ပြတာပေါ့။ သူဘယ်စာအုပ်ကိုကြည့်ပီးတော့ ပြန်မေးလဲမသိပေမယ့်.. ဒါက ကျောင်းစာကြည့်တိုက်လေ။ ကျောင်းနဲ့သက်ဆိုင်တဲ့ စာအုပ်တွေပဲရှိတဲ့နေရာဆိုတော့ တော်သေးတာပေါ့။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်ချစ်ဇနီး(Myanmar Translation)Where stories live. Discover now