Ch-23

1.3K 141 1
                                    

Unicode

ပါတီအတွက်ပြင်ဆင်တာတွေက ချောချောမွေ့မွေ့လေးပဲသွားနေတယ်။ သူမကတော့အအားယားဆုံးသူဆိုပိုမှန်လိမ့်မယ်... အလုပ်တော်တော်များများကို စီနီယာကျောင်းသားတွေကပဲလုပ်သွားတာဆိုတော့ ဟိုအိပ်ပုပ်ကောင်ဒင်းန်နဲ့ လူးဝစ်ကတော့ကျောင်းဝင်းထဲမှာ လှည့်ပတ်သွားပြီးကြော်ငြာ စာရွက်တွေလိုက်ကပ်ရုံပဲ။

'''' စာသင်နှစ်အသစ်အတွက် ကျင်းပပြုလုပ်မည့်ပွဲအခမ်းအနားအား ယခုအပတ် ပိတ်ရက်ညတွင် Lassenဟောခန်းမ၌ ကျင်းပမည်။

စိတ်ဝင်စားသူများ တက်ရောက်‌နိုင်ပြီးလူကြီးလူကောင်းဆန်ဆန် ဝတ်စားဆင်ယင်ခဲ့ရမည်။ ဤကြော်ငြာအား စီမံခန့်ခွဲရေးဆိုင်ရာညွှန်ကြားရေးမှူး၏ ခွင့်ပြုချက်ဖြင့် ကပ်ထားခြင်း ဖြစ်သည်။""

အချိန်ကုန်လာတာနဲ့အမျှပါတီပွဲက အောင်မြင်ပါ့မလားလို့ လူးဝစ်စိုးရိမ်လာတယ်။ ဒါပေမဲ့ပွဲလုပ်မယ့်မနက်ခင်းမှာ တစ်စိတ်တစ်ပိုင်းအလှဆင်ပြီးပြီဖြစ်တဲ့ Lassenခန်းမထဲကိုဝင်လာမိတဲ့အခါမှာတော့ သူမစိုးရိမ်ပူပန်မှုတွေက တကယ်တမ်းမလိုအပ်ဘူးဆိုတာသိလိုက်ရတယ်။

ဒါက မြို့တော်မှာရှိတဲ့မြင့်မြတ်တဲ့မိသားစုဝင်တွေ အတွက် သင့်တော်တဲ့ ပွဲတစ်ခုဆိုတာသူမယုံကြည်သွားပြီ။ သူမသာ အဲလိုပါတီပွဲမျိုးတွေကို တစ်ခါမှမတက်ဖူးဘူးဆိုပေမဲ့လည်းလေ..။

ခန်းမရဲ့အလယ်မှာ တက်သစ်စအနုပညာရှင်တစ်ယောက်လို့ သတ်မှတ်ခံထားရတဲ့ ပန်းချီဆရာတစ်ယောက်ရဲ့ပန်းချီကားကို သူမကြည့်နေမိတယ်။ ကြည့်တဲ့ရှုထောင့်ပေါ်မှာမူတည်ပြီးတော့ ဒီပန်းချီကားအပေါ် ခံစားရတဲ့ခံစားချက်တွေက အနည်းငယ်စီကွဲနေသလိုပဲ

" ဒီနေ့ညကျရင် မင်းထပ်ပြီးတစ်ခုခုထူးဆန်းတာကို တွေ့ရလိမ့်မယ် "

အီရန်က သူမဘေးကိုတိတ်တဆိတ်ပဲ ရောက်လာပြီး သူကပန်းချီကားကို စူးရှနေတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်တယ်

" ပါတီပွဲကျရင် ဒါကိုထပ်လာကြည့်ရမယ် ဘယ်သူဆွဲထားတာလဲနော်? "

" သိချင်လို့လား "

" ဒါပေါ့ "

" ကိုယ်ရောပဲ "

အမျိုးသားဇာတ်လိုက်၏ ဗီလိန်ချစ်ဇနီး(Myanmar Translation)Where stories live. Discover now