Ch-28

1K 111 2
                                    

Unicode

ပုံမှန်ဆိုရင်တော့လူးဝစ် သူ့ကိုကန်ကျောက်တွန်းထုတ်လိုက်ပြီး သူမကိုဟာသလုပ်နေတာရပ်ဖို့အော်လိုက်မိမှာ။ ဒါပေမယ့်ဒီနေ့ကျမှ သူမဘာမှမလုပ်နိုင်မပြောနိုင်ဘဲ အေးခဲနေမိတာကိုသူမကိုယ်သူမ သိလိုက်ရတယ်

" ဒီလိုလေးက ကောင်းတယ် "
အီရန်ကရုတ်တရက်တိုးတိုးလေးကပ်ပြောလိုက်တော့ သူမကသူ့ကို အသာလေးတွန်းလိုက်တယ်

" ရှင့်အပေါ် ‌အကြွေးတင်နေပြီ "

" အကြွေးတင်နေတယ်? "

လူးဝစ်ကသူမလက်ထဲမှာ ရှိတဲ့ကျောင်းသားစာရင်းကို အဖြေအဖြစ်မြှောက်ပြခဲ့တယ်။

" အာ...သိပြီ "
သူက ခပ်တိုးတိုး ရယ်လိုက်တယ်

" မင်းအဲ့တာကို အသိအမှတ်ပြုလို့ကိုယ်ဝမ်းသာပါတယ် တစ်နေ့နေ့ကျရင် ကိုယ့်အတွက်ဆုတစ်ခုလောက် ပြန်ရနိုင်မယ်ဆိုရင်တော့ကိုယ်ပိုပျော်မိမှာပဲ "

" ကျွန်မ ရှင့်ကိုပြန်ဆပ်မှာပါ "

" ဘာနဲ့လဲ? "

လူးဝစ်က ခဏလောက်စဉ်းစားကြည့်ပြီးနောက် သူမရဲ့ ပုခုံးကို တွန့်လိုက်တယ်" ဘာပဲဖြစ်ဖြစ် "

" ကိုယ့်ရဲ့ငယ်သူငယ်ချင်းလေးက ကျောင်းမှာအန္တရာယ်များတဲ့အရာတွေကို သင်လာခဲ့တာပဲ "

" ဘာလို့ ရှင့်နာမည်ကိုစာရင်းထဲမှာ ထည့်ထားတာလဲ? "

" ဘာဖြစ်လို့လဲ? "

" ရှင့်ဘာသာရှင်အဆင်ပြေနေတာပဲလေ "
လူးဝစ်ကပြတင်းပေါက်ဘေးက ပန်းအိုးဆီကိုကြည့်မိသွားတယိ

နောက်ဆုံးမှာ သူကသူ့ခေါင်းကိုလှုပ်ရှားလာခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့လက်တွေကိုတော့ သူမရဲ့ခါးလေးပေါ်မှာ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတုန်းပဲ(Tn- အမလေး😈)

" ကိုယ်က ဒီတိုင်း...ဒီတိုင်း ပန်း‌တွေအဆင်ပြေနေတယ်ဆိုတာကို သေချာစေချင်လို့ ဘာမှမဟုတ်ဘူး "

" ရှင် ကောင်းကောင်း လုပ်ထားတယ် "

" ကိုယ်ကြားရတာသိပ်စိတ်ချမ်းသာတယ် မင်းကိုထာဝရအနားမှာ ရှိနေဖို့ ဆုတောင်းမိတယ် "

အမျိုးသားဇာတ်လိုက်၏ ဗီလိန်ချစ်ဇနီး(Myanmar Translation)Where stories live. Discover now