Ch-44

1K 129 5
                                    

Unicode
....
၄၄. ဖြည်းဖြည်းချင်းစီ ပျော်ဝင်နေမိတယ် (၁)
....

အီရန်နဲ့လူးဝိစ်က ဆိုဖာရဲ့တစ်ဖက်ကအသံကို အာရုံစိုက်ထားရင်းအသက်ရှူပါအောင့်ထားလိုက်မိကြတယ်။ လက်ဖက်ရည်ဆိုင်ဝန်ထမ်းတစ်ယောက်က ပါမောက္ခလက်ဆန်ကိုဖော်ဖော်ရွေရွေနှုတ်ဆက်ပြီး သူမကို အထဲကိုလမ်းပြခေါ်လာတယ်။

အီရန်နဲ့လူးဝိစ်ကတောင့်တောင့်ကြီးနဲ့ အေးခဲသွားတော့တယ်။ ဂျူလီယာနာလက်ဆန်က သူမတို့ရဲ့မျက်နှာကိုအရမ်းကိုကောင်းကောင်းကြီး သိနေတယ်လေ။ သူမတို့နှစ်ယောက်လုံးကျောင်းသားသမဂ္ဂကဖြစ်ပြီး တစ်ယောက်နဲ့တစ်‌ယောက်ဆက်နွယ်နေတယ်ဆိုတာကိုတောင် သူမသိနေတာလို့!!

လူးဝိစ်ကသူမမျက်လုံးတွေကိုပိတ်ပြီး ဆုတောင်းလိုက်တယ်။ ကျေးဇူးပြုပြီး ဒီစားပွဲကိုဖြတ်မသွားပါနဲ့ ဖြတ်သွားခဲ့ရင်တောင်ကျေးဇူးပြုပြီးကျွန်မတို့ကို မမှတ်မိပါစေနဲ့

ရှပ်...ရှပ်

ပါမောက္ခနဲ့ဝန်ထမ်းကြားက စကားဝိုင်းကပိုပိုပြီးနီးကပ်လာတယ်။ လူးဝိစ်က‌ဖြူဖျော့နေတဲ့မျက်နှာလေးနဲ့ အီရန့်ကိုမော့ကြည့်လာတယ်။ သူက လူးဝိစ်ကိုသူ့ဝတ်ရုံထဲကိုဆွဲထည့်လိုက်တယ်။ ခြေလှမ်းတွေကသူတို့နောက် တည့်တည့်ကိုရောက်လာနေပြီ။ အကယ်၍သူတို့သာဖမ်းမိသွားရင် ပေးရမဲ့ ခိုင်လုံတဲ့အကြောင်းပြချက်တစ်ခုကိုကြိုးစားပြီးတွေးနေရင်းနဲ့ အီရန်က သူ့မျက်လုံးတွေကို ပိတ်လိုက်တယ်။

" ဒီမှာထိုင်မလားမဒမ် "

" အဆင်ပြေပါတယ်ကျွန်မရဲ့အဖော်မကြာခင် ဒီကိုရောက်လာလိ့မ်မယ် "

" ကောင်းပါပြီ တစ်ယောက်ယောက်ကပါမောက္ခဂျူလီယာနာလက်ဆန်ကို ရှာရင်ကျွန်တော်သူ့ကို ဒီကိုခေါ်လာပေးပါ့မယ် "

" ကျေးဇူးတင်ပါတယ် "

ပါမောက္ခကသူမတို့နောက်စားပွဲမှာ ထိုင်လိုက်တယ်။ ကံကောင်းစွာနဲ့ ဆိုဖာရဲ့ နောက်ကျောက ပိတ်ဆို့ပေးထားတာကြောင့် တစ်ယောက်နဲ့တစ်ယောက် မျက်နှာတွေမြင်နိုင်ဖို့ကမလွယ်ဘူး။ ဒါပေမဲ့လည်း သေချာပေါက်ပဲပေါ့

အမျိုးသားဇာတ်လိုက်၏ ဗီလိန်ချစ်ဇနီး(Myanmar Translation)Where stories live. Discover now