Ch-22

1.2K 144 1
                                    

Unicode
...

Greenhouse ရဲ့စွမ်းအားကတော့ အံ့ဩစရာပဲ။ အဲ့မှာ ရေနွေးကြမ်းလေး တစ်ခွက်သောက်ခဲ့ရုံလေးနဲ့ အဲ့ကတည်းက သူမဆီမှာဆိုးရွားတာ တစ်ခုမှဖြစ်မလာခဲ့ဘူး။ တခြားတစ်နည်းနဲ့ပြောရမယ်ဆိုရင် တစ်ပတ်တာလုံးအဆင်ပြေနေတယ်။

သူမရဲ့အတန်းတွေကလည်း စိတ်ဝင်စားဖို့ကောင်းပြီး သူမရဲ့သူငယ်ချင်းအသစ်တွေကတည်း ကြင်နာတတ်တယ်။ပြီးတော့ သူမငှားလာတဲ့စာအုပ်တွေထဲနစ်ဝင်နေတာများ ည‌ဘက်တွေမှာ‌တောင် လက်ထဲကမချနိုင်ဘူး။ ကျေးဇူးတင်ဖို့ကောင်းစွာနဲ့ အီရန်နဲ့လည်း အကြိမ်နည်းနည်းပဲ ဆုံတယ်။ greenhouse မှာနေတဲ့ကမ္ဘာမြေ နတ်ဘုရားမက သူမကိုဆောင်မပေးတာဖြစ်နိုင်တယ်လို့ သူမတွေးလိုက်မိတယ် ။

' မင်းသားကိုကျေးဇူးတင်လိုက်တာ- မဟုတ်ဘူးဆိုင်မွန်ကိုပြောတာ '

သူ့ကိုတွေ့ပြီးသူမပေါ်သက်ရောက်နေတဲ့ greenhouse ရဲ့ဒရမ်မာဆန်လွန်းတဲ့ အကျိုးကျေးဇူးတွေအကြောင်းကို ပြန်ပြောပြရမယ် ဟိ

လူးဝစ်တစ်ယောက်ကိုယ့်အတွေးနဲ့ကို မနက်ခင်းနေရောင်ခြည်အောက်မှာလမ်းလျှောက်လာတယ်။ သေချာပေါက်ပဲ သူမကgreenhouse ရဲ့ကာကွယ်ပေးခြင်းခံထားရတာ! ဟားဟား သူမတက်တက်ကြွကြွ ပြုံးလိုက်ပြီးတော့ကျောင်းသားသမဂ္ဂအခန်း တံခါးကိုဆွဲဖွင့်လိုက်တယ်

" Louise Sweeney "

ပြီးတော့သူမ မတွေ့ချင်ဆုံးသူကိုတွေ့လိုက်ရတာပဲ

အီရန်က လှလှပပပြုံးနေပြီး သူ့ရဲ့အပြာရောင်မျက်လုံးတွေက မနက်ခင်း နေရောင်ခြည်အောက်မှာတောက်ပနေတယ်။ ဒီကမ္ဘာရဲ့ဟီးရိုးကြီးပဲ!

ငါလေးက သူ့ရဲ့လှလှပပအပြုံးကြီးကိုကြောက်တယ်နော်

" ...မင်္ဂလာနံနက်ခင်းပါ "

အရင်တစ်ခါကလို သူမထပ်ထွက်ပြေးမယ်ဆိုရင် ဒီတစ်ခါဘာဖြစ်လာမလဲဆိုတာ သူမမသိနိုင်ဘူးလေ။ လူးဝစ်ရှေ့ကိုခြေလှမ်းနည်းနည်းလောက် လျှောက်သွားလိုက်တယ်။ သူမနှလုံးခုန်သံကရန်သူ့စခန်းဆီကို သွားနေတဲ့ ဗိုလ်ချုပ်ကြီးရဲ့မြင်းရဲ့ ခွာသံတွေလိုဖြစ်နေပြီ!

အမျိုးသားဇာတ်လိုက်၏ ဗီလိန်ချစ်ဇနီး(Myanmar Translation)Where stories live. Discover now