Ch-1.2

5.7K 563 13
                                    

Unicode

ဟုတ်ကဲ့ မင်္ဂလာပါ ကျွန်မလေးဟာ နောက်ဆုံးဖတ်ခဲ့တဲ့'ကျောင်းတော်ထဲက ဟန်ဆောင်ချစ်ခြင်း´ဆိုတဲ့ဝတ္ထုထဲက အလွန်ဆိုသွမ်းလှတဲ့ ဗီလိန်မလေးအဖြစ်ကူးပြောင်းသွားခဲ့ပါပြီ

ဗီလိန်မလေး လိမ္မာချက်က ဝတ္ထုအခန်းဆက်လိုက်ထုတ်ဝေတဲ့ အချိန်တုန်းကဆို //Louise Sweeney ချေမှူန်းရေးအဖွဲ့\\ဆိုပြီးစာဖတ်သူတွေအသင်းတောင်ပေါ်လာခဲ့တယ်

သိန်းပေါင်းများစွာသောစာဖတ်သူတွေဆို Louise Sweeney ကျဆုံးမယ့်နေ့ကိုစောင့်မျှော်နေတဲ့အထိဘဲ

စာရေးသူတောင်မှ သူရဲ့ဆိုရှယ်မီဒီယာမှစာတိုတင်ခဲ့တယ်
'နောက်အပတ်အဂါၤနေ့မှာ Louise Sweeney
အသတ်ခံရတော့မှာနော် ခွီးခွီး´

့သူမရဲ့ဇာတ်ကြောင်းကိုသူမတွေးပြီးနောက် ခေါင်းအုံးပေါ်မျက်နှာအပ်ရင်း အော်ဟစ်လိုက်မိတယ်
"အား ငါဘာလို့အဲ့လောက်တောင်ကံမကောင်းရတာလဲ"

သူမဟာဝတ္ထုတွေကိုစွဲလမ်းတတ်တဲ့ သနားစရာမိန်းမပျိုလေးတစ်ယောက်ပါနော် ခုတော့အမုန်းတကာ့မုန်းစရာအကောင်းဆုံး ဗီလိန်မဖြစ်လာတယ်တဲ့လား

အကယ်၍သာ ဒီလိုတွေသူမကိုဖြစ်လာအောင်လုပ်တဲ့ နတ်ဘုရားနဲ့သာတွေ့ရမယ်ဆိုရင် သူမကိုပြောင်းလဲအောင်လုပ်ပေးတာခြင်းအတူတူ လူတကာချစ်ခံရတဲ့ဇာတ်ဆောင်ဖြစ်သင့်တာမဟုတ်ဘူးလားလို့ လက်ညိုးငေါက်ငေါက်ထိုးပြောမိမှာအသေချာဘဲ

ထိုခိုက် သူမရဲ့ခေါင်းကို ငြင်သာစွာပွတ်သပ်ပေးတဲ့ လက်တစ်စုံကိုစိတ်ထဲဖြတ်ခနဲတွေးလိုက်မိတယ် ဒါအချစ်ပေါ့ဟုတ်တယ်မလား

သူမရဲ့အခန်းထဲမှာ သန့်ရှင်းကောင်းမွန်လွန်းတဲ့ အဝတ်အစားနဲ့ပရိဘောဂပစ္စည်းတွေရှိတယ်Louise Sweeney ဟာဗီလိန်ဖြစ်ပေမယ့် သူမမှာ ကြွယ်ဝချမ်းသာတဲ့မိသားစုနောက်ခံရှိတယ်

ဒါကသူမအရင်ဘဝက တမ်းတစိတ်ကူးယဉ်ခဲ့ရတဲ့ဘဝဘဲလေ!

သူမဟာ မှန်ရှေ့သွားရပ်ကြည့်လိုက်တော့ ရွှေအိုရောင်ဆံနွယ်ပျော့ပျော့အိအိလေးတွေကို အရမ်းသဘောကျသွားရတယ်

အမျိုးသားဇာတ်လိုက်၏ ဗီလိန်ချစ်ဇနီး(Myanmar Translation)Where stories live. Discover now