Ch-27

1.1K 127 4
                                    

Unicode

နွေရာသီကိုရောက်နေသလိုမျိုး သူတို့နှစ်ယောက်ကြားမှာပူပြင်းနေတယ်။ လမင်းကြီးက တိမ်တွေကြားကနေတစ်ဖန်ပြန်ထွက်ပေါ်လာတယ် အလင်းရောင်က သူတို့အပေါ်မှာကျ‌ရောက်မလာခင်အထိ သူတို့ကြားမှာပုံမှန်မဟုတ်တဲ့ အခြေနေတစ်ခုပေါ်ပေါက်သွားတာကို ဘယ်သူသိမှာတဲ့လဲ

ဒီလောကကြီးမှာ သူမအဆုံးထိရှင်သန်နိုင်မှဖြစ်မယ်

သူတို့ကြားမှာဖြတ်သန်းသွားတဲ့အရာကို သတိမမူမိလိုက်သလိုပဲ သူမပြုံးလိုက်တယ် " ရှင်ပါတီကို ပြန်သွားမှာလား? "

" အင်း ကိုယ်အဆုံးသတ်ကို ကူညီပေးရမှာ "

" ပွဲကို ပိတ်ပေးရတာလား? "

အီရန်ကလည်း လူးဝစ်ရဲ့စိတ်အခြေအနေလိုပဲ လိုက်ပြောင်းလဲလိုက်ပြီး သာမန်လေသံနဲ့ပဲဖြေလိုက်တယ်

" ပန်းအလှဆင်ထားတာကို လိုချင်နေတဲ့သူတွေ တော်တော်များများရှိတယ် "

" ပန်းတွေသာ ဆိုရင်... "

" ဟုတ်တယ် မင်းရဲ့ အပြင်အဆင် လူတိုင်းက ရှင်းလင်းနေတဲ့ အိပ်ဆောင်ကို တောက်ပ လာစေချင်ကြတယ် "

" ကျွန်မတို့ကို ကျောင်းငွေနဲ့ ‌ဝယ်ထားတဲ့ ပစ္စည်းတွေကို ကျောင်းသားတွေကို ဒီတိုင်း ပေးပစ်လိုက်ဖို့ ခွင့်ပြုထားလို့လား? "

" အဲဝာာကြောင့် ပိတ်ပွဲအဖြစ် ကိုယ်တို့က လေလံပွဲတစ်ခု လုပ်မှာ ဈေးနှုန်းတွေကိုတော့ ခပ်နိမ့်နိမ့်ပဲ သတ်မှတ်မှာပါ "

" ရှင့်မှာ ခွင့်ပြုချက် ရှိလို့လား? "

" ခက်တယ်ဆိုပေမဲ့ ပါမောက္ခ Lassen ကိုယ့်ကို ခွင့်ပြုချက် ချပေးအောင် လုပ်ခဲ့ပြီးပြီ "

" ရှင်ကိုယ်တိုင် သူမနဲ့ဆွေးနွေးခဲ့တာ? "

" ဘယ်သူရှိသေးလို့လဲ? "

သူ ဂုဏ်ယူစွာနဲ့ပုခုံးတွေကိုမြှင့်လိုက်တော့ သူမလေးကလည်း သူ့ရဲ့ဂုဏ်ယူနေတဲ့ပုံစံကို မြှင့်တင်ပေးဖို့ စိတ်လိုလက်ရလက်ခုပ်တီးပေးလိုက်တယ်။ ဒါကပင်ပန်းတာမှမဟုတ်တာ ဒီလောက်လေးတော့လုပ်ပေးနိုင်ပါတယ်

အမျိုးသားဇာတ်လိုက်၏ ဗီလိန်ချစ်ဇနီး(Myanmar Translation)Where stories live. Discover now