Ch-38

501 56 1
                                    

Unicode
......
၃၈. ရှက်ဖို့ကောင်းလိုက်တဲ့ အခြေအနေကြီး (၁)
......

အီရန်နဲ့ လူးဝိစ်ကစောင့်နေတဲ့မြင်းလှည်းထဲကို လှမ်းဝင်လိုက်တယ်
" မြင်းလှည်းကို ရှင်ဘယ်လိုရလာတာလဲ? "

အီရန်ကတုံ့ပြန်တဲ့အနေနဲ့ ဆွဲဆောင်မှုရှိတဲ့အပြုံးတစ်ပွင့်ကိုပေးလိုက်ပြီး
" ဒီနိုင်ငံမှာ ကိုယ်မရှာဖွေနိုင်တဲ့အရာ ရှိလို့လား? "

အေး အဲဒါကအမှန်ပဲ အီရန်ကလုံးဝပြီးပြည့်စုံနေတဲ့အာဏာကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ရဲ့တစ်ဦးတည်းသောသား တစ်ဦးတည်းသော ဆက်ခံသူ ဖြစ်နေတယ်လေ။ အီရန်ဘာပဲလုပ်လုပ် အမြဲတမ်းနိုင်ငံ့အစိုးရက ကျောထောက်နောက်ခံပြုပေးလိမ့်မယ် အဲဒါကကျောင်းစည်းကမ်းတွေကို ဖောက်ဖျက်တာနံရံကိုကျော်တက်တာတွေ ပါဝင်နေမယ်ဆိုရင်တောင်မှပေါ့

မြင်းလှည်းကရောင်းဝယ်ရေး နယ်မြေဆီကိုဖြေးဖြေးချင်းစထွက်လာတယ် ။လူးဝိစ်က ဟေဆန့်အကြောင်းကို ခဏလောက်တွေးလိုက်မိတယ် အိမ်ရှေ့စံမင်းသားကို သူစော်ကားပြောဆိုခဲ့ပြီးမိန်းကလေးတစ်ယောက်ဆီကနေ စွန့်ပစ်ခံခဲ့ရတယ်လို့စနောက်ခဲ့ပေမဲ့လည်း ကျေးဇူးတင်ဖို့ကောင်းစွာ သူ့ရဲ့လည်ပင်းကခုထိသူ့ခန္ဓာကိုယ်နဲ့တွဲရက်ရှိနေတုန်းပဲ

" ရှင်က ဆရာဟေဆန့်ကိုဂရုစိုက်တာပဲ "

လူးဝိစ်က သူမလက်တွေကိုသူမပေါင်ပေါ်မှာထပ်တင်ထားလိုက်ပြီး ပြုံးကာမေးလိုက်တယ် အဲအချိန်မှာအီရန့်မျက်နှာကသဘောမကျမှုနဲ့အတူ ရှုံ့တွသွားတာပေါ့

" အဲဒီ ရိုင်းစိုင်းတဲ့သူရဲကောင်းကိုလား? "

" သူက ဘာဂုဏ်ဒြပ်ကိုမှထည့်မတွေးဘဲနံရံပေါ်တွယ်တက်တတ်တဲ့ သခင်တစ်ယောက်အတွက်တော့ တကယ်ကိုလိုက်ဖက်တဲ့သူရဲကောင်းကြီးဘဲလေ"

" ဟုတ်လား "

မြင်းလှည်းရဲ့ ခေါင်မိုးပေါ်ကနေသဘောတူစွာနဲ့ အော်ပြောလိုက်တဲ့ အသံတစ်သံထွက်လာတယ်
" ဟုတ်တယ်! မှန်တယ်! "

အီရန်က သူ့လက်ကိုဆန့်ထုတ်ပြီး မြင်းလှည်းအမိုးကိုလှမ်းရိုက်လိုက်တယ် အဲဒါကတိတ်တိတ်နေဖို့ရာ အချက်ပြနေတာပဲ။ အီရန့်ရဲ့ကြောက်ဖို့ကောင်းတဲ့အကြည့်ကတော့
' ပါးစပ်ကို ပိတ်ထားလိုက်စမ်း ' လို့ ပြောနေသလိုပင်
အမလေး ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်သလဲ

အမျိုးသားဇာတ်လိုက်၏ ဗီလိန်ချစ်ဇနီး(Myanmar Translation)Where stories live. Discover now