Ch-40

562 65 3
                                    

Unicode
.......
အခန်း ၄၀. ရှက်ဖို့ကောင်းလိုက်တဲ့ အခြေအနေကြီး

...

" အင်း... အဲဒါတွေက နောက်ကျောမှာ ရှိနေဝာာ "
...

သူ့ရဲ့ရှေ့မှာငိုမချမိလိုက်ဖို့ရာ သူမကိုယ်သူမထိန်းထားရင်း သူမရဲ့စကားလုံးတွေကိုအသံထွက်ရုံသာ ထုတ်ပြောလိုက်နိုင်တယ်။ ကံကောင်းစွာနဲ့ အီရန်ကသူမကိုမစခဲ့ဘူး အဲအစားသူ့ကြည့်ရတာနည်းနည်းအံ့ဩသွားသလိုပဲ

" ... ကိုယ် တောင်းပန်ပါတယ် မင်းအတွက်ခဲယဉ်းမယ့်အဝတ်ကို ရွေးမိဖို့ကိုယ်မရည်ရွယ်ပါဘူး "

အီရန်က သူ့ခေါင်းကို နည်းနည်းလောက် ငုံ့လိုက်တယ်

" တံခါးနောက်ကိုနည်းနည်းလောက်ဆုတ်လိုက်ပါ့လား အဲဒါမှကိုယ် ဝင်လာလို့ ရမှာ "

" ရှင် ဝင်လာမယ်? "

" ဒီမှာ အကူအညီတောင်းဖို့ တခြားဘယ်သူမှမရှိဘူးလေ "

" ဒါပေမဲ့... "

" မစိုးရိမ်ပါနဲ့ ငယ်ငယ်ကတည်းကကိုယ်တို့က တစ်ယောက်အဝတ်ပေါ်ကဖုန်တွေကို တစ်ယောက်ကခါပေးရင်းကြီးပြင်းလာကြတာပဲ ဒါကိုလည်း အဲလိုမျိုးပဲလို့တွေးလိုက်လေ "

တကယ်ကြီးလား?

" အတိတ်တုန်းကဟာနဲ့ယှဉ်လိုက်ရင် ကျောလေးတစ်ခုကဘာမှမဟုတ်ပါဘူး "

အဲဒါကအဓိပ္ပာယ်မရှိဘူးဆိုပေမဲ့ လူးဝိစ်ကိုစည်းရုံးလိုက်နိုင်တယ် လူးဝိစ်က ခြေလှမ်းနည်းနည်းလောက်နောက်ဆုတ်လိုက်တယ် အီရန်ကသူမနောက် လိုက်ဝင်လာပြီးတံခါးပိတ်လိုက်တယ်

" ကြယ်သီးပဲတပ်နော်! "လူးဝိစ်ကထပ်ခါထပ်ခါ ပြောနေတယ်

အီရန်ကလေးလေးနက်နက် ကြေညာလိုက်တယ်
" ကိုယ် ထာဝရဒီကိစ္စကို ထုတ်မပြောဘူးလို့ ကျိန်ပါတယ် "

သူက သူ့ရဲ့လက်ရှည်ဝတ်ရုံကိုချွတ်လိုက်ပြီး အဲဒါကိုစားပွဲပေါ်မှာ အသာလေးတင်လိုက်တယ် အဲနောက်သူမဆီကိုတိုက်ရိုက်လျှောက်လာပြီး သူ့ရဲ့ လက်ချောင်းနဲ့ သူမကိုဟိုဘက်လှည့်ဖို့ရာအမူအရာပြလိုက်တယ်။ လူးဝိစ်က သူမမျက်လုံးတွေကိုတင်းကြပ်နေအောင် ပိတ်ပြီးဖြေးဖြေးချင်း လှည့်လိုက်တယ်

အမျိုးသားဇာတ်လိုက်၏ ဗီလိန်ချစ်ဇနီး(Myanmar Translation)Where stories live. Discover now