Ch-8.2

2.4K 336 9
                                    


“ဘာရယ်?!!!”

“မင်းကိုယ့်ရဲ့ တရားဝင် စေ့စပ်ထားတဲ့ ဇနီးလောင်းတစ်ယောက် ဖြစ်လာရမယ်လို့ပြောတာ”

“ရှင်ရူးနေလား?”

“ကိုယ်ရူးကောင်းရူးနေပါလိမ့်မယ်။ မင်းဒီလိုပုံနဲ့ဆို တစ်နှစ်အတွင်း မြန်မြန်ရည်းစားထားဖို့ ကြိုးစားရတော့မယ်နော်”

“အဲ့လိုမျိုး မဟုတ်ပဲ ဒီအတိုင်း တစ်နှစ်စာ စေ့စပ်ကြောင်းလမ်းတာကို ဖျက်သိမ်းလည်းရတာပဲကို..”

“ခင်ဗျားလေးက ဘာကို ကြောက်နေတာတုန်း? အစောက ကိုယ်က အခြားတစ်ယောက်ကိုသဘောမကျဘူးလို့ ပြောတော့ မယုံပါဘူးဆို?

ကိုယ်ကပဲ အခြားတစ်ယောက်ကိုတွေ့ပြီး အရမ်းတွေ ချစ်ပြ သည်းသည်းလှုပ်ပြတော့မယ့် ပုံစံနဲ့ ပြောခဲ့တာ ခင်ဗျားလေးလေ”

“အဲ့လိုပုံစံနဲ့ မပြောမိပါဘူး”

“ကိုယ်ကတော့ အဲ့လိုပြောချင်တာလို့ ခံစားရတယ်”

“ရှင်ပဲ မိဘတွေသဘောတူလို့ စေ့စပ်ရတယ်ဆိုတာက အရင်ခေတ်က အိုဟောင်းနေတဲ့ဓာတ်ပြားဟောင်း စည်းမျဉ်းတွေလို့ ရှင်လဲ​ပြောခဲ့ဖူးတယ်လေ”

“ဟုတ်တယ်လေ ကိုယ်ပြောခဲ့တယ်”

“အဲ့တာဆို ဘာလို့ကျွန်မနဲ့စေ့စပ်ချင်နေတာလဲ?”

“အော်… အိမ်ရှေ့စံမင်းသားတစ်ယောက်အနေနဲ့ အရင်ခေတ်ရဲ့ အိုဟောင်းနေတဲ့စည်းမျဉ်းတွေက အစးလိုက်နာရမယ့် တာဝန်ရှိတယ်လေ”

“ဟာ အရှင့်​သား” 

မွန်းကြပ်တဲ့ စိတ်နဲ့လူးဝိစ်တစ်ယောက် အကျပ်ရိုက်သွားပါတယ်။

အီရန်ပြောတဲ့အတိုင်းဆို တစ်ကယ်လို့ဒီတစ်နှစ်အတွင်း အီရန်ကော သူမ​ကောချစ်သူရှာမတွေ့ခဲ့ရင်အီရန့်ကို သူမတကယ် တရားဝင်စေ့စပ်ရတော့မယ်လေ။

“တစ်နှစ်ပြီးလို့​စေ့စပ်ရမယ်ဆိုတဲ့ အချက်ကြီးကိုကျွန်မတကယ် သဘောမကျဘူး”

ဒါ​ပေမယ့်​ကိစ္စတော့မရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အီရန်နဲ့ စတယ်လာနဲ့ တွေ့ပြီးကြိုက်သွားကြမှာပဲဟာ။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်ချစ်ဇနီး(Myanmar Translation)Where stories live. Discover now