Ch-16

1.6K 184 2
                                    

UNICODE

အပိုင်း (၁၆) အဝတ်အစားတွေချွတ်ပြီး လှဲနေလိုက် (၁)
.......

လူးဝိစ်ရဲ့လန့်သွားတဲ့ပုံကိုမြင်လိုက်ရပေမယ့် စတယ်လာလဲ ရုတ်တရက်မထနိုင်ပဲဖြစ်နေတယ်။ လူးဝိစ်နည်းနည်းစိတ်ပူသွားတယ်။ ပြုတ်ကျရင်းထိခိုက်သွားတာများလား

အခြားဘယ်သူမှမသိပေမယ့် စတယ်လာဒီဝတ္ထုရဲ့အဖိုးတန် ဇာတ်လိုက်မင်းသမီးမဟုတ်လား။ သူ့ကိုလူးဝိစ်သေသေချာချာကာကွယ်ပေးရမှာကို။ မင်းသားနဲ့မင်းသမီးတွေ့ရမယ့်အခန်းကိုဝင်ရှုပ်မိသွားပြီလားဆိုတာ စိတ်ပူပြီးအားလည်းနာသွားတယ်။

အဆင်ပြေသွားမှာပါလေ။ အား…….

တကယ်တမ်းက အဆင်မပြေတာလူးဝိစ်ဖြစ်နေပါကောလား။ ကိုယ့်လက်မောင်းကိုလှုပ်လို့မရပဲ နာလွန်းလို့ညည်းတွားလိုက်မိတယ်။ စတယ်လာကကြောက်လန့်သွားတဲ့ပုံနဲ့ မြန်မြန်ထလိုက်တယ်။

ဝတ္ထုထဲက စာသားတစ်ချို့ကို လူးဝိစ် သတိရသွားတယ်။

စတယ်လာကမြန်မြန်ထလိုက်တယ်။ မျက်နှာကရှက်သွေးဖြာပြီးနီရဲနေတယ်။ လှေကားပေါ်ကနေပြုတ်ကျပြီး ဘယ်သူမှန်းမသိတဲ့ သူစိမ်းတစ်ယောက်ကခါးကိုသိုင်းဖက်လိုက်တာကို ခံလိုက်ရတော့ နည်းနည်းရှက်သွားတာပေါ့လေ။

စတယ်လာကသူ့ကိုပြုတ်ကျတုန်းက ဖမ်းပေးတာဘယ်သူလဲ သိချင်တဲ့စိတ်နဲ့ မော့ကြည့်လိုက်တယ်။ကိုယ့်ကိုယ်ကိုဇာတ်လိုက်နေရာကနေ စတယ်လာရဲ့ဒီလိုပုံစံကိုမြင်ဖူးလိမ့်မယ်လို့ လူးဝိစ်မထင်ထားခဲ့ဘူး။

လူးဝိစ်ကကြမ်းပြင်ပေါ်ကနေ ထိုင်လျက်သားနဲ့စတယ်လာကို မော့ကြည့်လိုက်တယ်။ စတယ်လာ့မျက်နှာမှာတော့ အားနာပြီး တောင်းပန်ချင်နေတဲ့ပုံစံအပြည့်နဲ့။

“တောင်းပန်ပါတယ်။ အဆင်ပြေရဲ့လားဟင်?”

အဆင်ပြေမနေပါဘူး။နာလိုက်တာလေ။ ဒါပေမယ့်လည်း စိတ်မပူစေချင်တာနဲ့ လူးဝိစ်ကညာပြောလိုက်တယ်။

“ရပါတယ်။ ဘာမှမဖြစ်ဘူး အေးဆေး”

“နင်ကလူးဝိစ်ဆွီနေးမဟုတ်လား။ အတော်ဆုံးကျောင်းသူဆိုတဲ့တစ်ယောက်လေ?”

အမျိုးသားဇာတ်လိုက်၏ ဗီလိန်ချစ်ဇနီး(Myanmar Translation)Where stories live. Discover now