Ch-47

398 36 0
                                    

Unicode
...

အခန်း၄၇. မချစ်သင့်ဘူး
....

လူးဝိစ်က အရာအာလုံးကိုသူမသိထားတဲ့ ဇာတ်ကြောင်းတိုင်းသွားတာကို ပိုသဘောကျတယ်။ ဆိုလိုချင်တာကအပြောင်းအလဲတွေ ဖြစ်နိုင်ချေတွေ အားလုံးကိုသင့်လျော်တဲ့အဖြေတစ်ခုနဲ့အတူ ကြိုတင်တွက်ချက်ထားနိုင်တာမျိုး။

အဲဒါကသူမကပြိုင်ဆိုင်မှုတွေအမြင့်ဆုံး‌ကို ရောက်နေတဲ့လူမှုပတ်ဝန်းကျင်တစ်ခုကနေ ရောက်လာတာကြောင့်လဲဖြစ်နိုင်တယ်။ လူတိုင်းကသူတို့ရဲ့ ပန်းတိုင်ကိုရောက်ဖို့ရာအတွက် အသည်းအသန်ပြေးလွှားနေခဲ့ကြတယ်။ ကြည့်လိုက်မယ်ဆိုရင် အဲဒါကသဘာဝကျတယ်လို့ထင်ရပေမဲ့လည်း အမှန်တကယ်ကျတော့ လူအနည်းစုကသာစိတ်ကျေနပ်မှုကို သူတို့လက်ထဲမှာ ဆုပ်ကိုင်ထားနိုင်ခဲ့ကြတာ။

နည်းနည်းလောက် ပိုကောင်းတဲ့ အဆင့်

နည်းနည်းလောက် ပိုနာမည်ကြီးတဲ့ ကျောင်း

နည်းနည်းလောက် ပိုကောင်းတဲ့ အလုပ်

ပြင်းထန်လွန်းတဲ့ပြိုင်ပွဲတွေရဲ့အဆုံးသတ်မှာတော့ လူးဝိစ်ကနောက်ထပ် ကမ္ဘာ‌တစ်ခုဆီကိုရောက်လာခဲ့တယ်။ ဒါပေမဲ့ဒီမှာလည်းပဲ လူးဝိစ်က သူမရဲ့အရင်ဘဝကရှင်သန်ပုံကို အပြည့်အဝလက်မလွှတ်လိုက်ဘူး။ အလေ့အ‌ကျင့်ဟောင်းတွေကြောင့် ဒါမှမဟုတ် ပညာရေးနဲ့ပတ်သက်တဲ့ နောင်တတွေကြောင့်တော့လည်းမဟုတ်ဘူး

သူမ ဒီကိုရောက်လာတယ် သူမကြိုးစားကြည့်ချင်တယ်။ လူးဝိစ်ဆွီနေးရဲ့ ပြီးပြည့်စုံနေ‌တဲ့ပတ်ဝန်းကျင်မှာဆိုရင် သူမရဲ့ ကြိုးစားအားထုတ်မှုတွေက ဘယ်လောက်ထိ ရောက်အောင်သွားနိုင်မလဲ? သူမဘယ်လောက်ထိ လုပ်နိုင်လဲဆိုတာကို သူမပြသချင်တယ် သူမရဲ့အစွမ်းအစကိုသက်သေပြချင်တယ်

ဒါပေမဲ့ ဘယ်သူ့ကိုလဲ?

*

*

*

" လူးဝိစ်ဆွီနေး "

ပါမောက္ခရဲ့လက်ထောက်အသံကြောင့် လူးဝိစ်သူမခေါင်းကိုမော့ကြည့်လိုက်တယ်

" ဟုတ်? "

" ပါမောက္ခဟျူးဝစ်ထ်စောင့်နေတယ်။တွေ့ဖို့ပေးထားတဲ့အချိန်က ၁၂ မိနစ် "

အမျိုးသားဇာတ်လိုက်၏ ဗီလိန်ချစ်ဇနီး(Myanmar Translation)Where stories live. Discover now