Ch-45

659 70 4
                                    

Unicode
....
အပိုင်း-၄၅
.....

" တောင်းပန်ပါတယ်ပါမောက္ခ ကျွန်တော်မြင်းလှည်းပြင်ဆင်ဖို့ရာအတွက် အချိန်ကြာသွားလို့ပါ "

ပါမောက္ခဟေးလ်က အကူအညီမဲ့နေ‌တဲ့အသံနဲ့ပြောလိုက်တယ်။ စားပွဲနားမှာရပ်‌နေရင်းနဲ့ ဝတ်ရုံကြောင့်သာမဟုတ်ရင်အီရန်နဲ့လူးဝိစ်ကိုမြင်နိုင်လောက်တယ်

" အရင်တုန်းကပြောခဲ့သလိုပဲ အချိန်တိကျခြင်းဆိုတာက ပါမောက္ခတစ်ယောက်မှာရှိသင်တဲ့အကြီးမားဆုံးသောအမူအကျင့်ပဲ။ ကျောင်းသားတစ်ယောက်နဲ့တူတဲ့ စိတ်နေသဘောထားနဲ့ ကျောင်းမှာအချိန်အကြာကြီး ရှိနေဖို့ကအကြံကောင်းတစ်ခုတော့ မဟုတ်ဘူးနော်ပါမောက္ခဟေးလ် "

" ... ကျွန်တော် တောင်းပန်ပါတယ် "

" ထိုင်ပါရှင့်ကို ကျွန်မပြောစရာတစ်ခုရှိတယ် "

ပါမောက္ခဟေးလ်ထိုင်လိုက်တာကြောင့် လုံခြုံသွားပြီလို့ခံစားဖို့ရာအတွက်ကတော့ အရမ်းကိုစောနေသေးတယ်။ ပါမောက္ခလက်ဆန်နဲ့ပါမောက္ခဟေးလ်က တစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းဆိုင်ထိုင်နေကြတာ အဲဒါကြောင့် ပါမောက္ခဟေးလ်ကသူထိုင်နေတဲ့နေရာကနေ အီရန်နဲ့လူးဝိစ်ရဲ့ကျောပြင်တွေကိုလှမ်းမြင်နိုင်ချေရှိတယ်လေ

" ကိုယ်တို့တော့ ဒုက္ခရောက်ပြီ... "

အီရန်က ခပ်တိုးတိုးရေရွတ်လိုက်တယ်

" မဟုတ်ဘူး ပါမောက္ခဟျူးဝစ်ထ်ထပ် မရောက်တာ ကိုယ်တို့ကံကောင်းတယ်လို့ ကိုယ်‌ပြောသင့်တာ"

လူးဝိစ်က သူ့ကိုစူးရှစွာမော့ကြည့်လိုက်တယ်
" သေချာပေါက် သူ မ‌လာလောက်ပါဘူး လာလောက်လား? "

" သူ့အစား ကျောင်းအုပ်လည်း ရောက်လာနိုင်တာပဲ "

လူးဝိစ်ကထိတ်လန့်နေတဲ့အမူအရာဖြစ်သွားချိန်မှာ အီရန်ကစိတ်ထဲမှာ ရယ်လိုက်မိတယ်။ သနားစရာ‌ကောင်းတဲ့ကောင်မလေး ကျောင်းမှာအဲလိုမျက်နှာမျိုးလေးလုပ်တဲ့သူဆိုလို့ ‌ဒီကလေးမလေးတစ်ယောက်ပဲရှိမှာ။ ပြီးတော့ သူမတစ်ယောက်ထဲသာဆို သူမကိုအချိန်တိုအတွင်းမှာပဲ ဖမ်းမိသွားလိမ့်မယ်။ သူကလူးဝိစ်ရဲ့ ခေါင်းလေးကိုသူ့ဘက်ကို ပြန်ဖိချလိုက်တယ်

အမျိုးသားဇာတ်လိုက်၏ ဗီလိန်ချစ်ဇနီး(Myanmar Translation)Where stories live. Discover now