Ch-41

651 78 1
                                    

Unicode
....
၄၁. ဒုက္ခရောက်ပြီ (၁)
...

သူက ခုထိ ' ဇနီးလောင်းလေး ' လို့ပြောနေတုန်းပဲ။ သူတို့တွေ အဲလိုမပြောဖို့သဘောတူထားတာတောင်မှလေ။ လူးဝိစ်အတွန့်မတက်ရခင်ပဲ သူကသူမကိုပြုံးပြပြီးအမှားပြင်လိုက်တယ်

" ကိုယ် မှားသွားတာ "

အဲဒါက အမှားတစ်ခုရယ်တော့လဲမဟုတ်ပေမယ့်လည်း သူမထောက်ပြမနေချင်တော့ပါဘူး အဲဒါကြောင့်သူမ ပါးစပ်ကိုသာပိတ်ထားလိုက်တော့တယ်

*

*

*

သူမတို့တွေဆိုင်ကနေထွက်လာပြီး လမ်းပေါ်မှာသွားနေရင်းလူးဝိစ်ပတ်ပတ်လည်ကို စိုးရိမ်စွာလှည့်ကြည့်နေမိတယ်။ အီရန်ကအနက်ရောင် ဝတ်ရုံနဲ့ အသွင်ပြောင်းထားရင်းရှေ့ကသွားနေပြီး သူမကသူ့ရဲ့ခြေနှစ်လှမ်းလောက်ခွာပြီးလိုက်လာတယ်

" ဥက္ကဋ္ဌ "

လူးဝစ်ကရပ်ပြီး အီရန်ကိုအသံတိုးတိုးလေးနဲ့ခေါ်လိုက်တယ်။ သူက ဝတ်ရုံအောက်ကနေ သူမကိုစူးရှနေတဲ့အကြည့်တစ်ချက်ပေးနေတယ်

" ... ဘယ်လိုမျိုး မိသားစုကမိန်းကလေးကသူမရဲ့ မှော်ဆရာကို ' ဥက္ကဋ္ဌ ' လို့ခေါ်လို့တုံး? "

" ကျွန်မတို့ တကယ်ကြီးဒီလိုလုပ်မှာလားဟင်? "

" အင်းပေါ့ "

" ကျောင်းက ဝန်ထမ်းတွေကတကယ်ပဲ ဒီအနီးအနားမှာရှိနေတာလား? "

" အင်း "

" ရှင်ကအမှန်တော့ ဒီကစားပွဲကိုပျော်နေတာပဲဟုတ်တယ်မလား? "

သူက ထုံးစံအတိုင်းပြန်ပြုံးပြတယ်
" မဟုတ်ပါဘူး ကိုယ်ကအရမ်းကိုဂရုစိုက်ဖို့ကြိုးစားနေရုံပဲ။ ကိုယ်ကျောင်းကနေကန်ထုတ်မခံချင်ဘူးလေ "

" ဒါပေမဲ့လည်း ဥက္ကဋ္ဌရဲ့နှစ်လှမ်းစာလောက်နောက်ကနေ လျှောက်နေတာကြီးကထူးဆန်းတယ် "

သူ့ကိုသူမရဲ့ခိုင်းတဲ့သူတစ်ယောက်လိုဆက်ဆံရတာ သူမနည်းနည်းလောက် မသက်မသာခံစားမိတယ်

" ဒီခံစားခွင့်ကြီးကိုကောင်းကောင်းမွန်မွန်လေး ခံစားလိုက်စမ်းပါ "

အမျိုးသားဇာတ်လိုက်၏ ဗီလိန်ချစ်ဇနီး(Myanmar Translation)Where stories live. Discover now