Ch-11

2.7K 290 17
                                    

အပိုင်း (၁၁) ဘာကြောင့်ထွက်ပြေးရသလဲ(၂)
.....

လူးဝိစ်ရဲ့ မျက်ဝန်းတွေဟာ ကြောက်စိတ်ကြောင့် တုန်လှုပ်နေတယ်။ အီရန်ရပ်နေတာ လူးဝိစ်နဲ့ အရမ်းနီးတာပဲ။ အမှောင်ရိပ်တွေဖုံးလွှမ်းနေတဲ့ အီရန်ရဲ့ မျက်လုံးတွေကို ကြည့်ရင်းပြန်ဖြေဖို့ ကြိုးစားမိတယ်။

"ကျွန်မထွက်ပြေးတာမဟုတ်ပါဘူး" ဆိုပြီးအသံတုန်တုန်နဲ့ ဖြေမိသွားတယ်

"အခန်းမှားသွားမှာစိုးလို့ သေချာအောင်ပြန်ကြည့်တာပါ။ ကျောင်းထဲက နေရာတွေကိုသိပ်မသိသေးဘူးလေ

ပြီးတော့..... အကူအညီလိုနေတဲ့သူငယ်ချင်းတစ်ယောက်ကို ကျွန်မက ပစ်မထားပါဘူး"

အော် လူးဝိစ်ရယ်နင်ဟာ ငရဲထဲကိုလမ်းလျှောက်ဝင်သွားတာမဟုတ်ဘူး ပြေးပြီးကိုဝင်တိုးမိတာဟေ့။

စိတ်မသက်မသာနဲ့အီရန်ကို ပြုံးပြလိုက်မိပြန်တယ်။

"သူငယ်ချင်း ဟုတ်လား?"

"သူငယ်ချင်းလို့ခေါ်တာ နည်းနည်း ထူးဆန်းနေလားဟင်?"

"ထူးဆန်းတယ်လို့တော့မဟုတ်ပါဘူး။ မှားလည်းမမှားဘူးလေ။ ကိုယ်တို့နှစ်ယောက်က ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေလို့ ပြောလို့ရတာပဲ"

အမယ်လေး။ ရှင်ကကျွန်မရဲ့ငယ်ငယ်ထဲက ပေါင်းလာတဲ့သူငယ်ချင်းလုံးဝမဟုတ်ရပါဘူးနော်။ အရမ်းတွေ ငယ်ပေါင်းကြီးဖော်လုပ်ချင်နေရင် ငယ်သူငယ်ချင်းဆိုတဲ့အဓိပ္ပာယ်ကဒီလိုကြီး ဖြစ်သွားမှာ။

ငယ်သူငယ်ချင်းဆိုသည်မှာ ငယ်စဉ်ကတည်းကခင်လာသော်လည်း သူငယ်ချင်းတစ်ယောက်၏ဘဝကို အခြားတစ်ယောက်မှအချိန်မ​ရွေး ဖျက်ဆီးပစ်၍ရသည့်ဆက်ဆံ​ရေးဆိုပြီးတော့ပေါ့။

"ကိုယ့်ရဲစေ့စပ်ထားခဲ့ဖူးတဲ့ ဇနီးလောင်းဖြစ်ခဲ့ဖူးပြီး ကိုယ့်မျက်နှာကိုမြင်ရတာစိတ်မသက်မသာဖြစ်လွန်းလို့ ထွက်ပြေးခဲ့ပေမယ့် မင်းကိုယ့်ကိုသူငယ်ချင်းလို့ သတ်မှတ်တာကိုကိုယ်သိရလို့ ပျော်ပါတယ်"

သူ့ရဲ့မျက်နှာကိုမြင်လို့ စိတ်မသက်မသာဖြစ်ရတာမဟုတ်တဲ့ဟာကို.....။ ဘာပဲဖြစ်ဖြစ်အီရန်က သူငယ်ချင်းအနေနဲ့ဆက်ဆံဖို့ သဘောတူလိုက်တာက ကံကောင်းတယ်လို့ပြောလို့ရတာပါပဲ။ အနည်းဆုံးတော့သူငယ်ချင်းတစ်ယောက်အပေါ် သူရက်ရက်စက်စက်နဲ့မဟုတ်တာတွေ မလုပ်လောက်ဘူးလေနော်။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်ချစ်ဇနီး(Myanmar Translation)Where stories live. Discover now