Ch-32

1K 117 6
                                    

Unicode

၃၂. မင်းကိုသဘောကျတယ် (၁)
.....

အရုဏ်တက်ချိန် လူးဝိစ်ပြတင်းပေါက်ကိုဖွင့်လိုက်တော့ ညတုန်းကအဲ့ပေါ်မှာ ရေစက်ရေပေါက်လေးတွေ သီးနေတာကိုမြင်လိုက်ရတယ်။ မနက်အစောပိုင်းတုန်းက မိုးနည်းနည်းလောက်ရွာခဲ့တာနေမှာ သူမဒီလိုလေထုမျိုးကိုနောက်ဆုံးရှူရှိုက်ခဲ့ရတာ တော်တော်လေးကိုကြာနေပြီ။ လူးဝိစ်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မြေသင်းနံ့လေးကသူမရဲ့အဆုတ်ထဲမှာပြည့်နှက်သွားတော့တယ်။ မိုးရာသီရောက်ခါနီးပြီလို့ သဘာဝတရားကြီးက သူမကိုပြောပြနေသလိုပဲ

ဒါပေမယ့်နေစမ်းပါဦး ' ...မိုး? '

ပြတင်းပေါက်ဘေးမှာအ‌တွေးဗလာနဲ့ရပ်နေတဲ့ လူးဝိစ်တစ်ယောက် ထိတ်လန့်သွားတာပေါ့။ ဒုက္ခပဲခြံစောင့်ရဲ့စတော်ဘယ်ရီခင်းက အမိုးအကာမရှိတဲ့အပြင်ဘက်ကြီးမှာလေ ပြီးတော့မိုးထိရင် စတော်ဘယ်ရီတွေကအရသာပျက်သွားလိမ့်မယ်။ လက်ဆောင်အဖြစ်သူများကိုပေးဖို့ မသင့်တော်တော့ဘူးဖြစ်သွားမှာ။

လူးဝိစ်ကကမ္ဘာပေါ်မှာအရသာအရှိဆုံး စတော်ဘယ်ရီတွေကိုခူးချင်တာ။ အဲလိုမှသာ အီရန့်ရဲ့အရသာမခံတတ်တဲ့လျှာဆီကို စတော်ဘယ်ရီလေးကဉာဏ်အလင်းအသစ်ဖွင့်ပေးနိုင်မှာဖြစ်ပြီး စတယ်လာကလည်းပထမဆုံးအကြိမ်အနေနဲ့ကောင်းမွန်တဲ့ စတော်ဘယ်ရီတွေရဲ့ ထူးခြားတဲ့ အရသာကို တွေ့ကြုံခံစားသွားရမှာလေ။ မိုးရာသီမရောက်ခင်မှာ သူတို့ အသီးတွေကို အမြန်ရိတ်သိမ်းရမယ်

ဟီးဟီး ဇာတ်လိုက်နဲ့ဇာတ်လိုက်မတို့ကို စတော်ဘယ်ရီနဲ့ချစ်ကြိုးသီပစ်ရမယ်

လူးဝိစ်ကသူမရဲ့ ယူနီဖောင်းကိုလဲဝတ်လိုက်ပြီး မျက်နှာသစ်တာကိုတော့ကျော်သွားလိုက်တယ်။ သူမမှာအလုပ်လုပ်တဲ့ အဝတ်အစားတွေရှိရင်သိပ်ကောင်းမှာ  ကျောင်းမှာကပွဲလမ်းသဘင်တွေမှာပဲ တခြားအဝတ်ဝတ်ဖို့ခွင့်ပြုထားပြီး ကျန်တဲ့အချိန်တွေမှာလူတိုင်းကတူညီဝတ်စုံကိုပဲ ဝတ်ရတယ်

လျှော်ဖွတ်တဲ့အခန်းထဲမှာ သပ်သပ်ရပ်ရပ်ခေါက်ထားတဲ့ ယူနီဖောင်းတစ်စုံကို လူးဝိစ်ကောက်ဝတ်လိုက်တယ်။ သူမရဲ့သန့်ရှင်းစင်ကြယ်နေတဲ့ အင်္ကျီလက်တွေကို ခဏလောက်လေးသူမငေးကြည့်နေမိပြီးနောက် ဝေးကွာနေပြီဖြစ်တဲ့ အတိတ်ကသူမရဲ့စိတ်ထဲကို ရောက်လာခဲ့တယ်။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်ချစ်ဇနီး(Myanmar Translation)Where stories live. Discover now