Ch-48

472 48 0
                                    

Unicode
...
အခန်း-၄၈

ဒင်းန်ငြီးတွက်နေလောက်ပြီဆိုတဲ့အတွေးက တကယ်တော့မှားသွားတာဘဲ။ ဘာလို့ဆို သူကဒေါသပါထွက်နေတာ

" မင်း နောက်ကျတယ်! "
သူ့ယူနီဖောင်းကိုဖြေလျှော့လိုက်သလိုမျိုး သူက ကော်လံကိုဆွဲလိုက်ကာ ပြောတော့တယ်။

" အို ငါ နောက်ကျသွားတာလား?
နင်အတန်းတက်စရာရှိလို့လား ဒင်းန်? "

" မဟုတ်ဘူး ဒါပေမဲ့ မင်းကတိပေးထားတဲ့အချိန်ထက် တစ်မိနစ်‌နောက်ကျတယ်! "

" တစ်မိနစ်တည်းပဲကို "

" ဟမ့် တစ်မိနစ်တည်း? ငါ့ဘဝရဲ့စက္ကန့် တစ်စက္ကန့်ချင်းစီတိုင်းကို လူးဝိစ်ဆွီနေးကို မပေးချင်ဘူး! "

" ...ဒါပေမဲ့ နင် စက္ကန့်တချို့‌ကိုပေးပြီးသွားပြီ "

" ဟုတ်တယ်! ပြီးတော့နောက်ထပ်စက္ကန့်တွေ ထပ်ကုန်သွားပြီ မင်းနဲ့ဒီလိုစကားပြောနေရင်းနဲ့! ပြီးတော့ အခု နှစ်မိနစ် ကုန်သွားပြီ "

ဒင်းန်က တစ်လုံးမှထပ်မပြောတော့ဘဲ သူ့အိတ်ကိုကောက်ယူလိုက်တယ် သူဒီထပ်ပိုပြီးအချိန်မဖြုန်းချင်တော့ပုံပဲ။ လူးဝိစ်ကရွှင်မြူးစွာပြုံးလိုက်မိတယ် ဒင်းန်ကဘာမဟုတ်တာလေးကို ငြီးငြူနေကြ။သူကအမြဲတမ်းငြီးတွားနေပေမဲ့လည်း ‌အဆုံးသတ်မှာတော့လူးဝိစ်ရဲ့ စကားကိုအမြဲနားထောင်ရှာပါတယ်

သြော်.. ကလယ်ရာရဲ့တောင်းဆိုမှုလို့ ပြောရင်ပိုမှန်မယ်

' လူးဝိစ်က သူမဒုက္ခရောက်နေတယ်လို့ပြောတယ် ဘာလို့နင်မကူညီတာလဲ? 'ဆိုပြီးလေ ။ ကလယ်ရာကြောင့်ဒင်းန်က လူးဝိစ်ရဲ့တောင်းဆိုချက်ကိုပယ်မချလိုက်နိုင်ဘူး အဲဒါကြောင့်သူသဘောတူလိုက်ရတာ

" ကျေးဇူးပါ ဒင်းန် "

" မင်း ကျေးဇူးတင်ရင်ခုကစပြီး ကလယ်ရာ့ရှေ့မှာ ငါ့ကိုဘာမှလာမတောင်းဆိုနဲ့တော့ "

ဟင် အိုးမဟုတ်မှ!

" အဲဒါကဖြစ်နိုင်ပါ့မလားဆိုတာငါမသိဘူး ကလယ်ရာနဲ့ငါကအတန်းချိန်တွေတူတယ် ပြီးတော့ ငါတို့ကတစ်ယောက်နဲ့တစ်ယောက်ခဏခဏ စကားပြောဖြစ်ကြတယ်... "

အမျိုးသားဇာတ်လိုက်၏ ဗီလိန်ချစ်ဇနီး(Myanmar Translation)Where stories live. Discover now