Ch-2

5K 512 12
                                    

Unicode

[TN-Louise Sweeneyလေးက ချမ်းသာတဲ့မိသားစုကဆိုပေမယ့် တော်ဝင်မိသားစုကမဟုတ်ပါဘူးနော်]

သူမပြုံးပြီး သူ့ကိုခေါင်းငုံ့ကာအရိုသေပြုတဲ့ခါ သူရဲ့လက်ချောင်းသွယ်သွယ်တွေက ဆန့်တန်းလာပြီးသူမလေးရဲ့ပါးကိုညစ်ဖျစ်လိုက်သည်

"ကိုယ်ကကိုယ့်ရဲ့ချစ်ဇနီးလောင်းလေး ကျောင်းတော်ကိုလာမယ့်နေ့ကို စောင့်မျှော်နေခဲ့တာ"

.....
Chapter-2
.....
Louiseက သူ့ရဲ့စကားကြောင့်တော်တော်လေး အာစေးသွားမိတယ်

ကိုယ့်ရဲ့ချစ်ဇနီးလောင်းလေး???
'ဒီလူကဘယ်လိုတောင် အရှက်မရှိတဲ့ပါးစပ်နဲ့ ရင်ထဲမရှိတဲ့စကားတွေကို ပြောထွက်နေတာလဲ'

"အရှင်သား" ဟုဆိုက သူမစကားဆက်ပြောဖို့လုပ်လိုက်တယ်

ဒါပေမယ့် သူရဲ့လက်ချောင်းတွေကသူမရဲ့ပါးကို ဂျုံလုံးလိုဆက်ဖျစ်ညစ်နေပြီး ပြောမယ့်စကားဆက်ထွက်မလာအောင် နှောက်ယှက်နေတယ်

"Ian"

"ရှင်"

"ကိုယ့်ကို Ianလို့ဘဲခေါ်"

"အဲ့လိုခေါ်လို့ရတယ်ပေါ့" သူမတအံ့တအားမေးလိုက်မိတယ်

"သြော် မင်းကိုကျောင်းစည်းကမ်းတွေနဲ့ ရင်းနှီးနေပြီထင်တာ"
သူကသူမပါးပြင်ပေါ်က သူ့လက်တွေကိုပြန်ရုတ်လိုက်တယ်

အိမ်တော်တွေရဲ့သြဇာအာဏာက ကျောင်းဂိတ်ကိုကျော်တာနဲ့ အသုံးမဝင်ဘူး

မှန်တယ် သူမကြားဖူးသားဘဲ ဒါပေမယ့် ဒီစည်းကမ်းကအိမ်ရှေ့စံမင်းသားအပေါ်ကိုတောင်သက်ရောက်ပြီး ပထမနာမည်ကိုဘဲ လွတ်လွတ်လပ်လပ်ခေါ်လို့ရမယ်လို့ထင်မထားတာတော့အမှန်ဘဲ

Louise ကသူမရောက်ရှိတဲ့နေရာရဲ့ အလေ့ကျင့်တွေထဲမှာ တော်တော်နေသားကျပြီးနစ်မြုပ်နေပြီလေ ဒါကြောင့်ဒီကျောင်းမှာဆို ဘာအာဏာမှမရှိဘူးဆိုတဲ့အချက်က ကို့ယို့ကားယားဖြစ်နေသလိုခံစားလိုက်ရတယ်

အဲ့အချိန်မှာဘဲ Ianကသူမကိုထပ်ပြီးဖိအားပေးပြန်တယ်
"အဲ့တော့ ကိုယ့်ကိုဘယ်လိုခေါ်ရမလဲ?"

အမျိုးသားဇာတ်လိုက်၏ ဗီလိန်ချစ်ဇနီး(Myanmar Translation)Where stories live. Discover now