1 (Yoonjin)

973 86 41
                                    

"ဒီမယ် အဒေါ်ကြီး ကျနော်ကအဒေါ့်ဆီကပဲ ဝယ်နေကြဟာကို ဘာလို့ ကျနော့်ကိုမလတ်ဆတ်တဲ့ငါးတွေထည့်ပေးလိုက်တာလဲ"

Jinတယောက် အချက်အပြုတ်ကောင်းပါလျက်နဲ့ မလတ်ဆတ်တဲ့ငါးတွေကြောင့် သူ့ဟင်းလျာအရသာပျက်ကာ ဆိုင်မှာလာစားတဲ့သူတွေအပေါ်မျက်နှာပျက်စရာ ဖြစ်ခဲ့တာမို့ .. မနက်က အဲ့ငါးတွေဝယ်လာတဲ့ဆိုင်ကို ပြန်လာပြီး ဆိုင်ရှင်အဒေါ်ကြီးကို ဒေါနဲ့မောနဲ့ ရန်တွေ့နေလေခြင်း

အသားငါးတန်းက စျေးရဲ့အလယ်မှာတည်ရှိပြီး စျေးဝယ်သူတို့ဖြင့်စည်ကားလို့နေသည် ။ စျေးဝယ်သူတွေနဲ့ လမ်းသွာလမ်းလာတွေက ငါးဆိုင်ရှေ့မှာ ခါးထောက်ပြီးရန်တွေ့နေတဲ့ Jinကို ကွက်ကြည့်ကွက်ကြည့်ဖြင့် တီးတိုးပြောဆိုသွားကြသော်လည်း Jin အ့တာတွေအာရုံမစိုက်နိုင်သေး

ဆိုင်ရှင်အဒေါ်ကြီးကလဲ နှုတ်သီးကောင်း လျှာပါးလှပေသည်။

"ဟဲ့ ဒီမှာ ... အဲ့ဒီငါးတွေက မနက်ကနင်ကိုယ်တိုင်ရွေးသွားတာမဟုတ်ဘူးလား"

"ကျနော်ဟိုဘက်ကို လှည့်ရွေးနေတုန်း အာဂျူမားတို့ ငါးတွေလဲပစ်လိုက်တာမလား!"

"အံမယ် သက်သေရှိလား"

"ခင် ... ခင်ဗျား ... တော်ပြီ နောက်ဘယ်တော့မှ ဒီလိုစိတ်ဓာတ်မကောင်းတဲ့ အာဂျူမားတို့ဆိုင်ကို လုံးဝ လာမဝယ်ဘူး!!!"

Jin လဲသူမှန်ရဲ့သားနဲ့ သက်သေမရှိတာကြောင့် အအော်ခံရပြီး အောင့်သက်သက်ဖြင့်သာပြန်ထွက်လာလိမ့်သည်

ပါးစပ်ကပွစိပွစိပြောရင်း ထိုဆိုင်ရှေ့ကလှည့်အထွက်မှာ လူတယောက်နဲ့ဝင်တိုက်မိသည်

"အ့ ... ဟေ့ ဟေ့လူ ရရဲ့လား .. ဟေ့ ဟာ "

သူနဲ့တိုက်မိတဲ့ထိုလူကြောင့် Jinတယောက် လမ်းလည်ခေါင်မှာ ဖင်ထိုက်လျက်လဲကျကာ  ထိုလူက Jinအပေါ်မှောက်လျက် ကျသွားသည် ။ Jinလဲ ငုတ်တုတ်ထထိုင်ပြီး ထိုလူကို လှုပ်ယမ်းတော့ ထိုလူကသတိမေ့နေတဲ့လူအလား ...။

Jin လဲစိတ်ပူသွားကာ မသိတဲ့သူစိမ်း ထိုလူကို ကျောပိုးပြီး နီးစပ်ရာဆေးခန်းစီသို့ ပြေးသွားတော့သည်။ ထိုလူက သူ့ထက် လူကောင်သေးလို့သာ တော်သေးသည်။

Play Written By Villain(Completed)Where stories live. Discover now