5

311 32 21
                                    

ရဲဌာနကြီးတစ်ခု၏ အထူးစုံစမ်းရေးတပ်ဖွဲ့ ဌာနထဲတွင်ဖြစ်သည်။ သီးသန့်ရုံးခန်းတစ်ခု၏အထဲတွင် ဆုံလည်ကုလားထိုင်ပေါ် ခြေချိတ်ထိုင်ကာ အရှေ့စားပွဲပေါ်က ဓာတ်ပုံသုံးပုံအား ကြည့်ရင်း တပည့်ဖြစ်သူ၏ ရှင်းပြမှုတွေကို နားထောင်နေတဲ့ စုံထောက်အဖွဲ့ချုပ် Kim Namjoon။

သူဟာ Park Jimin ရဲ့အစ်ကိုဖြစ်ပြီး အသက် ၁၀ နှစ်အရွယ်မှာ Park လင်မယားက သူ့ကိုမွေးစားခဲ့တာဖြစ်သည်။ လေးနှစ်ကွာတဲ့ Jimin လေးက သူ့ကို အစ်ကိုအရင်းလိုပဲ သတ်မှတ်ပြီး တွယ်တာသည်။ သူကလည်း Jiji ကို ညီအရင်းလိုပဲ သတ်မှတ်ပြီး စောင့်ရှောက်ကာကွယ်ခဲ့တာ။ ကိုရီးယားလူမျိုးတွေဖြစ်ပေမဲ့ Park လင်မယားက LA မှာ အလုပ်လုပ်တာဖြစ်တဲ့အတွက်ကြောင့် သူတို့ ညီအစ်ကိုငယ်စဥ်ကတည်းကပင် LA မှာကြီးပြင်းခဲ့ကြသည်။

ချမ်းသာတဲ့ မိသားစုက ဖြစ်တဲ့အပြင် အငယ်ဆုံးလေးဖြစ်တဲ့ Jiji က အလိုလိုက်ခံရတော့ နည်းနည်းတော့ဆိုးသည်။ ပြောမရဆိုမရ မလိမ္မာတာမျိုးတော့ မဟုတ်ဘဲ သူလုပ်ချင်တာကို ဘယ်သူတားတား ရအောင် လုပ်တတ်တဲ့ ကလေးမျိူးပင်။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က တက္ကသိုလ်မတက်ချင်သေးလို့ဆ်ိုပြီး ဟန်းဂုကို ခဏလောက် သွားချင်တယ်ဆိုပြီး အတင်းပူဆာလို့ Namjoon မှာ ညီငယ်ကို မိဘတွေ ခွင့်မပြုသည့်ကြားက ရအောင် ဟန်းဂုကို လိုက်ပို့ပေးခဲ့ရသည်။

"ဒီလိုအဖြစ်ဆိုးနဲ့သာ ကြုံရမယ်မှန်းသိခဲ့ရင် အစ်ကိုကြီး မင်းကို တစ်ယောက်တည်း မလွှတ်ခဲ့ပါဘူးကွာ"

"ဗျာ ဆရာ"

ယူကြုံးမရသလို တိုးညှင်းစွာ ရေရွတ်မိတော့ စာရွက်ဖိုင်တစ်ခုနဲ့ တပည့်ဖြစ်သူက လှမ်းမေးသည်။

Namjoon ခေါင်းခါပြပြီး ဆက်ပြောဖို့ပဲလက်ညွှန်လိုက်သည်။

ငယ်ငယ်ကတည်းက စုံထောက်လုပ်ရတာ ဝါသနာပါတဲ့ သူ့ကို မိဘတွေ(Parkလင်မယား)က မြေတောင်မြှောက်ပေးခဲ့သည်။ ဒီနေ့ဒီအချိန်ထိ လူအများလေးစားအားကျတာ ခံရတဲ့ စုံထောက်တစ်ယောက်အဖြစ် သူ LAရုံးချုပ်မှာ ရပ်တည်နိုင်ခဲ့သည်။ ထို့အတွက်ကြောင့် သူ့ကျေးဇူးရှင်တွေဖြစ်တဲ့ မိဘတွေနဲ့ Jiji ကို ကာကွယ်စောင့်ရှောက်ရမဲ့ တာဝန်ကို သူအပြည့်ယူထားသည်။

Play Written By Villain(Completed)Where stories live. Discover now