0.6

266 26 6
                                    

Warning (တချို့သော စကားလုံးအသုံးအနှုန်းတွေ အတွက်ပါ)

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

"Hoshin Oppa"

တစ်ယောက်တည်း ထိုင်သောက်နေတုန်း သူ့နာမည်ခေါ်သံကြောင့် Hoshin မော့ကြည့်လိုက်တော့ သူ့ကို ပြုံးပြကာ သူ့ဘေးက ခုံမှာ ဝင်ထိုင်လိုက်တဲ့ Kim Yoonar ဆိုတဲ့ ကလေးမ။

Hoshin ဘာမှ ပြောစရာလည်း မရှိသလို ၊ အရောလည်း မဝင်ချင်တာကြောင့် တစ်ယောက်တည်းသာ ဆက်​သောက်နေလိုက်သည်။

"ဘာလို့ တစ်ယောက်တည်း ထိုင်နေတာလဲ Oppa ရဲ့။ ညီမတို့ ဝိုင်းကို လာခဲ့ပါလား"

"မင်းတို့ ကလေးတွေ လွတ်လွတ်လပ်လပ် ​ပျော်ကြပါ"

ပြောပြီး ထလိုက်တဲ့ Hoshin ရဲ့လက်ကို အကြောက်အရွံ့ကင်းစွာ လှမ်းဆွဲလိုက်တဲ့ သူမ ။

"Oppa ဘာလို့ ညီမ ကို ရှောင်ဖယ်နေရတာလဲ။ ညီမ Oppa ကို သဘောကျတယ် "

သူ့ကို ဆွဲကိုင်ထားတဲ့ လက်ကို Hoshin ဖယ်ချလိုက်ပြီး

"တောင်းပန်ပါတယ် အစ်ကို့မှာ ချစ်နေရတဲ့သူ ရှိတယ်။ "

​ပြောပြီး ထွက်သွားရန်အပြု ထိုကလေးမက ထလာကာ

"ဘယ်သူလဲ ။ ယောကျာ်းနှစ်ယောက်ကို လှေနံနှစ်ဖက် ခွနင်းနေတဲ့ Min Yoongi လား။ သူ့ကြောင့် နဲ့ Oppa က ညီမကို ငြင်းတာလား ! "

Hoshin သူမ ဘက် ပြန်လှည့်လိုက်ပြီး

"မင်းအနေနဲ့ Yoongi ကို စော်ကားစရာ အကြောင်းမရှိဘူး။ ငါလက်မပါမိခင် ငါ့မျက်စိရှေ့က ထွက်သွားရင်ကောင်းမယ်"

"Yoonar ... အော! အစ်က်ို Hoshin လည်း ဒီရောက်နေတာလား ။ အာရီဂူး အဆင်ပြေသွားကြပြီလား"

ဘာမှမသိတဲ့ Yoongi က သူ့သူငယ်ချင်းမလေးကို crush နဲ့ အဆင်ပြေစေချင်တဲ့ စိတ်တစ်ခုတည်းသာရှိသည်။

Yoongi က ရယ်မောရင်း စနောက်နေသလောက် Yoonar ကတော့ Yoongiကို မျက်ထောင့်နီတွေဖြင့် စိုက်ကြည့်နေသည်။

Yoongi ကတော့ သတိမထားမိဘဲ သူတို့ဘေးနားက ဖြတ်သွားတဲ့ စားပွဲထိုးကောင်လေးဆီက အအေးသုံးခွက် ယူလိုက်သည်။

Yoonar နဲ့ Hoshin ကို တစ်ယောက်တစ်ခွက်ပေးလိုက်ပြီး သူလည်း တစ်ခွက်သောက်လိုက်သည်။

Play Written By Villain(Completed)Where stories live. Discover now