3.2(Mingi)

310 37 20
                                    

Little 🔞

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

Jimin ရဲ့အပြုံးနောက် Yoongi လည်း ပြန်ပြုံးပြမိရင်း

"ကျေးဇူးတင်ပါတယ် ... Jimin na"

Jimin က ခေါင်းအသာခါသည်။ ထို့နောက် သူ့ကို တွဲရင်း ကျောင်းဂိတ်ဝ ဆီ အတူလျှောက်သွားကြသည်။

သူတို့ကွင်းပြင်ကျယ်ကြီးကို ဖြတ်တဲ့အချိန် မိုးက ရွာချလာတာကြောင့် Jimin က သူ့လွယ်အိတ်ကို ချွတ်ကာ Yoongi ခေါင်းအထက်ကာပေးရင်း အတူ ပြေးပြသည်။
ထိုအချိန် မိုးတွေကြားထဲကနေ ကျောင်းထဲကို အရှိန်ပြင်းပြင်းမောင်းဝင်လာတဲ့ ကားတစ်စီး။

သူတို့ဆီ ဦးတည်ပြီး မောင်းလာတဲ့ ကားထဲက ကားမောင်းသူကို Yoongi မြင်လိုက်တဲ့ အချိန် သူ Jimin ရှေ့ ကာရပ်မိသည်။

ကျွီ

Jimin ကို ကာထားရင်း မျက်လုံးမှိတ်ထားတဲ့ Yoongi က ဘရိတ်အုပ်သွားတဲ့ အသံကြားတာကြောင့် ထိုကားကို ကြည့်မိသည်။

မိုးရေထဲမှာ စူးထိုးနေတဲ့ ကားမီးရောင်ကြောင့် Jimin က သူ့မျက်နှာကို လက်ဖြင့် အုပ်ထားပေမဲ့

Yoongi ကတော့ ကားထဲကနေ သူ့ကို မ
ခြောက်ခြားစရာကောင်းတဲ့ အပြုံးမျိုးဖြင့် စိုက်ကြည့်နေတဲ့ Jung Hoseok ကြောင့်

Jimin သာ တစ်ခုခုဖြစ်သွားရင်ဆိုတဲ့ ကြောက်ရွံ့စိတ်ဖြင့် ခေါင်းတွင်တွင်ခါရင်း မိုးရေစက်တွေနဲ့အတူ မျက်ရည်တွေ စီးကျသွားသည်။

သူ့ကို သတိပေးပြီးသွားတဲ့ Hoseok က ကားကို ပြန်လှည့်ကာ မောင်းထွက်သွားသည်။

"ဘယ်ကကောင်လဲဟ .. ဒီအချိန်ကြီး ​ကျောင်းထဲကို ဒီလိုမောင်းဝင်လာတာ။ ဆရာမင် ဘာဖြစ်သွားသေးလဲ"

Jimin က ထွက်သွားတဲ့ ကားကို တောက်တခေါက်ခေါက်ဖြင့် ပြောကာ သူ့အားကြည့်ရင်း ထိမိ ခိုက်မိသွားသေးလား စစ်ဆေးနေသည်။

Yoongi သူ့လက်တွေကို မြှောက်ကာ စစ်ဆေးနေတဲ့ Jimin ကို အားပါပါ တွန်းလွှတ်လိုက်ပြီး

မိုးရေတွေကျနေတဲ့ အသံတွေထက် ကျယ်တဲ့အသံဖြင့်

"ထွက်သွား! "

ဟုအော်ရင်း သူ့လွယ်အိတ်ကို သူ့ခေါင်းပေါ်မြှောက်ကာ မိုးရေတွေ ကြားထဲ ပြေးသွားမိတော့သည်။

Play Written By Villain(Completed)Where stories live. Discover now