1.3 (Yoonjin)

487 60 17
                                    

Little warning ℹ️

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

"အခုလို လှူဒါန်းရတဲ့အတွက် ဘုရားသခင်ကောင်းချီးပေးပါစေ"

"စစ္စတာ ကျွန်တော့အတွက်မဟုတ်ဘဲ Min Yoongiဆိုတဲ့သူ အတွက်ဆုတောင်းပေးပါ ဒီနေ့ကသူ့မွေးနေ့ပါ။ ဒါကြောင့်ကျွန်တော်လာလှူတာ"

"ကောင်းပါပြီ"

Hoseokလည်း အချိန်တော်ကြာ ထိုချာ့ချ်ကျောင်းလေးထဲ ဝတ်တက်ပြီးနောက် ပြန်ထွက်လာခဲ့တယ် ။

ဒီခရစ်ယာန်ကျောင်းလေးက မရှိဆင်းရဲသားတွေကို လက်ခံကျွေးမွေးတဲ့နေရာလေးတခု။

ဒီနေ့က သူချစ်ရတဲ့လူသားရဲ့ မွေးနေ့အတွက်အလှူအဖြစ် ဒီကျောင်းမှာ လူအယောက်၅၀၀ကို နေ့လည်စာအဝကျွေးခဲ့ပြီး အလှူငွေ ဝမ်မီလီယံတသန်းကိုလဲ ထည့်ခဲ့သေးတယ်

"ညနေတောင် စောင်းပြီပဲ"

ချာ့ချ်ကျောင်းထဲမှ ထွက်လာကာ သူ့ကိုကားတံခါးဖွင့်လျက် စောင့်နေတဲ့ Hoshinကိုတချက်ကြည့်ပြီး ကောင်းကင်ကိုမော့ကြည့်ကာHoseok ဆိုသည် ။

ထို့နောက် သူ ကားထဲဝင်ထိုင်ပြီး ထိုနက်ပြာရောင် ဗင်ကားလေးဟာ နေရာလေးတခုဆီသို့ ...။

.
.
.

ရာသီဥတုသာသာယာယာ ရှိလှပြီး သစ်ပင်ကြီးတွေအုပ်ဆိုင်းနေတဲ့ သုသာန်အဝင်ဝ။

ထိုနေရာမှာပဲ သူတို့ကားကိုရပ်ခဲ့ပြီး အဖြူရောင်နှင်းဆီပန်းနှစ်စည်းကိုပိုက်ကာ ကားထဲက ထွက်လာတဲ့ Hoseok။

ချာ့ချ်ကျောင်းမှာထဲက ဝတ်ဆင်ထားပြီးဖြစ်တဲ့ သူ့ရဲ့နက်ခ်တိုင်နှင့်အပေါ်ထပ်ကုတ်တို့ဖြင့် Hoseokဟာ အလွန်သားနားဖွယ်အတိ။

Hoseokရဲ့အနောက်မှ Hoshinဟာလည်း ခြင်းတခြင်းနဲ့အတူ ပန်းရောင်ကျူးလစ်ပန်းတစ်စည်းကိုပိုက်ကာ သူ့ဘော့စ်နောက်မှ လိုက်ပါလာသည်။

အဝင်ဝကနေ သူတို့အနည်းငယ်လျှောက်လာပြီးတော့ သေဆုံးသူတွေကို မြုပ်နှံထားတဲ့ မြေပုံတွေရှိတဲ့ မြက်ခင်းပြင်ကျယ်ကြီးဆီကို သူတ်ို့ရောက်လာကြတယ် ။

ကုန်းမို့မို့နဲ့ ဘေးချင်းကပ်ရှိနေတဲ့ မြေပုံနှစ်ခုရှေ့မှာ Hoseokရပ်လိုက်ပြီး ဂါရဝပြုကာ

Play Written By Villain(Completed)Donde viven las historias. Descúbrelo ahora