0.1

315 23 6
                                    

သိပ်ချစ်ရတဲ့ ဖခင်ကိုပါဆုံးရှုံးခဲ့ပြီး သိပ်ခင်တွယ်ရတဲ့ကလေးငယ်ကိုပါ နောက်တကြိမ်ထပ်မတွေ့ရတော့တဲ့ Jung Hoseok ဟာ အရူးတယောက်လိုဖြစ်ကာ သူ့အနားမှာဘယ်သူမှ မရှိပေးကြတော့ဘူး ဆိုတဲ့ Dark Sideတွေဝင်လာပြီး မှောင်ပိန်းနေတဲ့ အခန်းထဲမှာပဲ ခိုအောင်းလို့နေခဲ့တယ် ။

တချက်တချက် အရူးတယောက်လို ကျယ်လောင်စွာ ထရီတတ်သလို တခါတလေမှာလဲ စူးရှစွာ အော်ငိုတတ်သည် ။

စိတ်ကျရောဂါကိုပါ ခံစားရတာကြောင့် အိမ်တော်ထိန်းကင်က မိသားစုဆရာဝန်ကို ခေါ်ကာ တိတ်တဆိတ် ဆေးကုသမှုခံယူခိုင်းရသည် ။
အချိန်သုံးနှစ်ကြာပြီးတဲ့နောက် သခင်လေးJung Hoseokရဲ့ရောဂါအခြေအနေဟာ အနဲငယ်ကောင်းမွန်လာသည် ။

ထို့ကြောင့် သခင်လေး Jung Hoseok အသက်18နှစ်ပြည့်တာနဲ့ အိမ်ထိန်းကင်က ရှေ့နေနှင့်တိုင်ပင်ပြီး Jung Groupရဲ့ဆက်ခံသူနေရာကို လွှဲအပ်စေသည်။

အိမ်ထိန်းကင်ကိုယ်တိုင်ကပင် အတွင်းရေးမှူးတဖြစ်လဲ အလုပ်တာဝန်များကို Hoseokအားသင်ကြားပြသပေးသည် ။

Hoseokကတော့ သူ့အဖေရဲ့ သွေးချွေးတွေနဲ့တည်ဆောက်ထားတာဖြစ်တဲ့ Jung Groupကိုမပြိုလဲအောင် တည်ဆောက်သလို စီးပွားရေးမေဂျာနဲ့လဲကျောင်းဆက်တက်ခဲ့သည် ။

ကျောင်းသားအရွယ်နဲ့ ဆက်ခံသူနေရာရတဲ့အတွက် တချို့ရှယ်ယာရှင်တွေက Hoseokကို သိပ်မနှစ်ခြိုက်ကြပေ ။ Hoseokကတော့ ထိုလက်ပေါက်ကတ်လှတဲ့သူတွေရှိနေသေးတာကြောင့် ရှိရင်းစွဲထက် ပိုကြိုးစားသည်။

ငယ်ငယ်ထဲက ဖခင်ရဲ့ကုမ္ပဏီကို အမြဲလိုက်ပြီး ကွန်ပြူတာတလုံးနဲ့အလုပ်ရှုပ်နေတဲ့ဖခင်ရဲ့ပေါင်ပေါ်မှာ အမြဲတစေငြိမ်ငြိမ်လေးထိုင်ကာ လိုက်ကြည့်တတ်တဲ့ Hoseok ၊ သူ့ရဲ့အဖေက သူ့ကို စီးပွားရေးလောကနဲ့ပတ်သက်တာတွေကို သူဉာဏ်ရည်မှီသလောက်ရှင်းပြပေးနေကြမလို့ အရာအားလုံးကသူနဲ့ မစိမ်းသက်နေ။

ဒါ့ပြင် ဖခင်ရဲ့သစ္စာတော်ခံ အိမ်ထိန်းကင်ကလဲ စီစဥ်ညွှန်ပြပေးနေတာ ဖြစ်တဲ့အတွက် Hoseokအတွက်ကြီးကြီးမားမား အခက်အခဲဆိုတာမရှိခဲ့ဘဲ စိန်ခေါ်မှုတိုင်းကို လက်ခံကျော်လွှားနိုင်ခဲ့တယ် ။

Play Written By Villain(Completed)Where stories live. Discover now