0.7

334 26 11
                                    

ကျွီ ~ ~ ~

တံခါးကို တွန်းဖွင့်ရင်း အထဲဝင်ကာ ပကတိ အေးအေးချမ်းချမ်း အိပ်ပျော်နေတဲ့ ကုတင်ပေါ်က လူကို ထိုင်ငေးကြည့််မိသည်။

အောက်ပိုင်းကိုသာ စောင်နဲ့ဖုံးထားပြီး ပက်လက်လှန်အိပ်နေတာကြောင့်

အထင်းသား မြင်နေရတဲ့ ဝမ်းဗိုက်ထက်က အဖုအထစ်တွေရယ် ၊ ကုတ်ခြစ်ရာတွေရယ်။

ထိုအခြင်းအရာတွေကို Hoshin ခပ်ဖွဖွ ထိတွေ့ကြည့်မိရင်း

"ဒါက ငါဘယ်တော့မှ ထိတွေ့ခွင့်မရတဲ့ အရာတွေပဲ မဟုတ်လား Hoseok ... "

မျက်ဝန်းထောင့်က စီးကျလာတဲ့ မျက်ရည်ကို လက်ဖြင့် ဖယ်ရှားပစ်လိုက်သည်။

ကိုယ်ချစ်တဲ့သူတစ်ယောက်က ကိုယ့်အပိုင်ဖြစ်မလာနိုင်တဲ့အပြင် တခြားသူတစ်ယောက်နဲ့ပါ အိပ်တာကို သိနေရတဲ့ သူ့ခံစားချက်က ဘယ်လိုတောင် နာကျင်နေရလိမ့်မတုန်း

ဒါပေမဲ့ သူ့နေရာကို ဝင်ယူတယ်ဆိုပြီး Yoongiငယ် အပေါ် Hoshin တစ်ခါမှ မနာလိုစိတ် မထားခဲ့ဖူးဘူး။

"မင်းကလေ သိပ်အတ္တဆန်လွန်းတာပဲ။ မင်းရဲ့ပူလောင်လွန်းတဲ့ အချစ်တွေကြောင့် မင်းကော မင်းဘေးနားမှာ ရှိနေတဲ့ သူတွေပါ နာကျင်ခံစားရတယ်"

နဖူးပေါ် ဝဲကျနေတဲ့ ဆံစလေးတွေကို အသာသပ်တင်ပေးရင်း Hoshin ခပ်တိုးတိုးရေရွတ်မိသည်။

အေးချမ်းစွာ အိပ်ပျော်နေတဲ့ မျက်နှာလေးကို ငေးကြည့်နေမိတုန်း ထမြည်လာတဲ့ ဖုန်းကြောင့် သူ မနိုးသွားစေရန် Hoshin ကိုင်လိုက်သည်။

"ဟယ်လို"

ဟု သူထူးလိုက်တာနဲ့ ဖုန်းထဲကနေ Yoongiလေးရဲ့ ကြောက်ရွံ့စွာထွက်ပေါ်လာတဲ့ အသံ

"ကိုကို Seokie .. ကျွန်တော့်ကို ကယ်ပါဦး ... အ့"

"Yoongi ဘာဖြစ်တာလဲ .. ဟယ်လို Yoongi ... ဟယ်လို"

တူ ~ တူ

ကျသွားတဲ့ဖုန်းကြောင့် Hoshin စိတ်ပူစွာ အပြေးတစ်ပိုင်း အောက်ဆင်းခဲ့မိသည်။

Play Written By Villain(Completed)حيث تعيش القصص. اكتشف الآن