0.2

234 23 4
                                    

ဘဝကြီးက ခါးတယ်။ အနေအထိုင် ဆင်းရဲနေတာမဟုတ်ပေမဲ့ စိတ်ကတော့ ပျော်မွေ့မနေတော့ဘူး။

Hoseokရဲ့ သူ့အပေါ်မသိမသာ ဂရုစိုက်မှုတွေကို သိမ်းယူသွားပစ်တဲ့ လူတစ်ယောက် Hoshin နဲ့ Hoseok ရဲ့ ဘဝထဲကို ဝင်လာခဲ့တယ်။

အဲ့နေ့က ,
Hoseok ရဲ့ အသက် ၂၀ နှစ်ပြည့်မွေးနေ့ ။

ဘယ်တော့မှ မွေးနေ့ကျင်းပလေ့မရှိတဲ့ Hoseokက သူအရဲစွန့်ပြီးယူလာတဲ့ မွေးနေ့ကိတ်ပေါ်က ဖယောင်းတိုင်တွေကိုတော့ အသာတကြည် မီးမှုတ်လိုက်သည်မို့ Hoshin အလွန်ပျော်သွားရသည်။

ပျော်ရွှင်မှုဆိုတာ မိနစ်ပိုင်း ... ဟင့်အင်း စက္ကန့်ဝက်တောင် မကြာလိုက်ရပါဘူး။

"သခင်လေး"

ဆိုတဲ့ အဖေ့ရဲ့ ခေါ်သံကြောင့် သူတို့နှစ်ယောက် လှည့်ကြည့်မိတော့ ပျော်နေပုံရတဲ့ အဖေ့ရဲ့ ဘေးမှာ ကောင်လေးတစ်ယောက်နဲ့အတူ သူ့မိဘတွေဖြစ်ပုံပေါ်တဲ့ လူနှစ်ယောက် ရပ်နေသည်။

Hoshin ကတော့ မမြင်ဖူးတဲ့ သူတွေမို့ ထိုသူတွေကို ကြောင်တောင်တောင်လေးကြည့်ကာ Hoseok ဘက်လှည့်ကြည့်မိတော့

ပေါက်ကနဲ ... ကျသွားတဲ့ Hoseok ရဲ့ မျက်ရည်တစ်စက်နဲ့အတူ ...
သူပိုင်ဆိုင်ချင်လွန်းတဲ့ နှုတ်ခမ်းဖျားကနေလည်း တိုးညှင်းလွန်းစွာ ထွက်ပေါ်လာတဲ့

"Yoon ... ငယ် "

ဆိုတဲ့ အမည်နာမလေး တစ်ခု ကို ကြားလိုက်ရတော့

Hoshin ရင်ဘတ်ထဲကနေ နာကျင်မှုကို ခံစားလိုက်ရပြီး ထိုကောင်လေးကို ပြန်လှည့်ကြည့်မိသည်။

နှင်းစက်တွေ ကပ်နေတဲ့အလား ဖြူစွတ်လွန်းတဲ့ အသားအရည်ပိုင်ရှင် ကောင်လေးက သူတို့နဲ့ယှဥ်ရင် သေးသေးလေးဖြစ်နေကာ မှေးကျဥ်းတဲ့ မျက်လုံးပေါက်တွေ ၊ နှာခေါင်းလုံးလုံးလေး ၊ စိုရဲနေတဲ့ နှုတ်ခမ်းပါးလေးနဲ့ နှင်းရုပ်လေးသဖွယ် အလွန်ချစ်စရာကောင်းသည်။

မမြင်ဖူးတဲ့ အရာတွေကို ဟိုကြည့်ဒီကြည့် ကြည့်နေတဲ့ ကောင်လေးက ခဏနေတော့ သူ့အမေနောက်ကို ပုန်းကွယ်သွားသည်။ နေရာစိမ်းတစ်ခုမှာ လူကြောက်တတ်လို့ ထင်တယ်။

Play Written By Villain(Completed)Where stories live. Discover now