3.1(Mingi)

278 44 10
                                    

"ဆရာမင်ရေ အပြင်ကနေ ဆရာလာနေပြီလားဆိုတာ ကြည့်ပေးပါဦး။ ငါ ဒီမှာ စာမပြီးသေးဘူး"

"မင်းကတော့လေ မနေ့ညက ငါခေါ်တော့ စာလာမလုပ်ဘဲ ဂိမ်းထိုင်ဆော့နေတယ်"

စာတွေအသဲအသန်ရေးနေတဲ့ Jimin ရဲ့ခေါင်းကို ဘောပင်နဲ့လှမ်းခေါက်လိုက်တဲ့ Yoongi။

ထိုပုံကို နောက်ဆုံးတန်းရှေ့က မိန်းကလေးတွေက ဓာတ်ပုံရိုက်လိုက်သည်။

Jimin ကတော့ နာသွားတဲ့သူ့ခေါင်းလေးကို ပွတ်ကာ စာဆက်ရေးနေသည်။

မြန်မြန်ပြီးမှ မဟုတ်ရင် ဒီဘာသာပြဆရာက သေအောင် အရိုက်ကြမ်းတာ။

Yoongi လဲ ပြတင်းပေါက်အပြင်ဘက်ခေါင်းလေးလျှိုကာ ဟိုဘက် ဒီဘက်ကြည့်တုန်း။

အထဲက ကျောင်းသူတွေက စောနကရိုက်လိုက်တဲ့ပုံကို
'ငါတို့အတန်းထဲက secret coupleလေး' ဆိုတဲ့ စာနဲ့ တွဲတင်လိုက်သည်။

စက္ကန့်ပိုင်းအတွင်း ထိုပုံအောက်မှာ နေရာယူလာတဲ့ ကောမန့်တွေ

💬 : Jimin hyung နဲ့ ကျောင်းသားသစ်လား?

💬 : ပြောလို့မရဘူး။ အဆောင်မှာလည်း သူတို့နှစ်ယောက်က တစ်ခန်းထဲကျတာ

💬 : ဒီလိုဆိုမှ Jimin Oppa ကသူ့ကို တအားဂရုစိုက်သလိုပဲနော်။ နေ့လယ်စာစားချိန်ဆို ကန်တင်းမှာ သူတို့နှစ်ယောက် အတူထိုင်စားကြတာ

💬 : သူတို့ဆက်ဆံရေးက သူငယ်ချင်းထက် ပိုတယ်လို့ ငါတော့ထင်တယ်။

ဆရာ လာ မလာကို ချောင်းကြည့်ပြီး ပြန်ထိုင်ဖို့ ပြင်လိုက်တဲ့ Yoongi ကတော့ အနောက်က ကောင်တွေရဲ့ စနောက်မှုကြောင့် ခုံပေါ်မထိုင်မိဘဲ ပြုတ်ကျတော့မလို ဖြစ်သွားသည်။

Jimin က သူ့ကို အချိန်မှီ လှမ်းဆွဲလိုက်ပေမဲ့ ပြသနာက အဲ့မှာ ပိုဆိုးသွားရသည်။

လက်ကနေအဆွဲခံလိုက်ရတဲ့ Yoongiက Jiminရဲ့ ပေါင်ပေါ် ထိုင်လျက်သား ကျသွားပြီး သူတို့နှစ်ယောက် အကြည့်ချင်းဆုံမိကြသည်။ တစ်ယောက်ကို တစ်ယောက် ရွှန်းရွှန်းစားစားကြည့်နေတဲ့ အကြည့်တွေနဲ့ပေါ့။

တစ်တန်းလုံးနီးပါး ဖုန်းထုတ်လာပြီး အဲ့ဒီပုံကို အမိအရ ရိုက်ယူကြပြီးနောက် တစ်ခဏအတွင်းမှာပင် ထိုပုံဟာ SNS ပေါ်မှာ ပြန့်သွားတော့သည်။

Play Written By Villain(Completed)Where stories live. Discover now