2.3 (Taegi)

394 51 20
                                    

"ဟက် ဒီကောင်က ရာရာစစ ငါ့အပိုင်ကို လာထိပါးနေတာပဲ"

Taehyung ရဲ့အိမ်ထဲက လက်ထပ်ပွဲလေးကို လျှို့ဝှက် ကင်မရာက တစ်ဆင့် ကွန်ပြူတာနဲ့ ကြည့်နေတဲ့ Hoseokက ကြောက်မက်ဖွယ်ကောင်းအောင် ကြုံးဝါးရင်း ပြုံးနေသည်။

ထို့နောက် Hoshin ဆီဖုန်းလှမ်းဆက်ကာ
"ကိစ္စကို ဒီနေ့ပဲ အဆုံးသတ်လိုက်တော့"

လို့ အမိန့်ပေးရင်း စခရင် ထက်က ပြုံးပျော်နေတဲ့ သတို့သားနဲ့ အူတူတူလေးဖြစ်နေတဲ့ သတို့သားလေးကို စူးစူးဝါးဝါး ကြည့်နေလိုက်သည်။

"မင်းအပျော်တွေရပ်တန့်ရတော့မှာပါ Kim Taehyung။ မင်းက ငါ့အချစ်နဲ့ဆော့ဖို့ တိုးဝင်လာတဲ့ အရုပ်တစ်ရုပ်ပါပဲ ... ဟက်"

တစ်ဖက်က ပြုံးပျော်နေတဲ့ Taehyung က သတို့သားဝတ်စုံလေးနဲ့ ခန့်ညားစွာ သူ့ကြွေရုပ်လေးနဲ့ လက်မှတ်ရေးထိုးဖို့ ပြင်နေသည်။

ထိုအချိန် ဝင်လာတဲ့ ဖုန်းသံနဲ့အတူ Joon Hee ရဲ့ သွေးပျက်နေတဲ့ အသံ

"Taehyung ရေ ပြသနာတော့ အကြီးအကျယ် တက်ပြီ!"

"မင်းကို ငွေဖြူငွေမဲတွေ လုပ်ပါတယ်ဆိုပြီး J ကုမ္ပဏီက စွပ်စွဲပြီး ကုန်ကြမ်းတွေကို ထုတ်မပေးတော့ဘူး။ ရှယ်ယာရှင်တွေကလည်း ဒေါပွပြီး ရှယ်ယာတွေပြန်ထုတ်နေကြပြီ။ မနေ့ညက ငါတို့ စက်ရုံတွေလည်း မီးထဲပါသွားပြီ။ အခုရဲတွေ ရောက်လာပြီး မင်းကို ရှာနေကြပြီ"

"Taehyung ... သွားပြီ။ အားလုံးပျက်စီးပြီ။ မင်းမြန်မြန်ပြေးတော့ "

Taehyung လက်ထဲက ဖုန်းက လွတ်ကျသွားပြီး ကြမ်းပြင်ပေါ် ခွမ်းကနဲ ကျကွဲသွားရသည်။

ခေါင်းကို အတွင်တွင်ခါရမ်းရင်း အသိစိတ်ပျောက်နေတဲ့ လူတစ်ယောက်လို ကားကို မောင်းရင်း သူ့ကုမ္ပဏီစီဦးတည် သွားနေတဲ့ Taehyungက

အနောက်ကနေ အော်ခေါ်နေတဲ့အသံတွေကို ကြားနိုင်စွမ်းမရှိတော့။

ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အနှစ်နှစ် အလလ သူကြိုးစားတည်ဆောက် ထားရတဲ့ အရာတွေက တစ်ညတည်းမှာပဲ အားလုံးပျက်စီးသွားရသလား ။

မိုးနတ်မင်းကြီး သိပ်ရက်စက်တယ်။ သူသာ ... သူသာ ဆင်းရဲမွဲတေသွားရင် အရင်လို လူတွေက သူ့ကို အထင်သေး အမြင်သေးနဲ့ ပြန်ဆက်ဆံကြမှာ Taehyung ကြောက်မိသည်။

Play Written By Villain(Completed)Opowieści tętniące życiem. Odkryj je teraz