5.2(Namgi)

303 29 9
                                    

လက်ထဲမှ ရှင်းသန့်ချောမောလွန်းတဲ့ မျက်နှာလေးကို စိုက်ကြည့်မိတဲ့အခါ .. ဒီမျက်နှာပိုင်ရှင်က သူ့ညီကို သေစေခဲ့တဲ့သူဆိုတာကို Namjoon မေ့,မေ့သွားမိပြီး နှစ်သက်သဘောကျမိသည်။

နှင်းစက်အလား ဖြူစွတ်လွန်းတဲ့ အသားအရေနဲ့ နှင်းဆီပွင့်လွှာငယ်လို နှုတ်ခမ်းပါးတွေက စွဲမက်စရာကောင်းလွန်းလို့ မရူးသွားအောင် ထိန်းနေရသည်။

မျက်ရည်တွေစို့တက်လာတဲ့ မျက်နှာထက်မှ သူ့လက်ကို အောက်လျှောကာ ဖြူအုအု လည်ပင်းကို ဆုပ်ညစ်ထားမိသည်။ ကိုယ့်လက်တွေကို ဖယ်ချချင်နေတဲ့သူ့အား ခက်ထန်သောအကြည့်များဖြင့်စိုက်ကြည့်ကာ အံကိုကြိတ်ရင်းဖြင့် Namjoon ပြောလိုက်သည်။

"မင်း ကို ငါဘာလို့ အခုလိုဖမ်းခေါ်ထားရတာလဲ မင်းသိလား"

ကြောက်ရွံ့စွာတုန်ယင်နေတဲ့ ခေါင်းကို အတွင်တွင်ခါသူ ...Yoongi ။

"ငါက မင်းကြောင့်သေသွားရတဲ့ Park Jimin ရဲ့အစ်ကိုပဲ"

Jimin ဆိုတဲ့ နာမည်​ကိုကြားလိုက်တာနဲ့ Yoongi ရဲ့ကြောက်ရွံ့နေတဲ့ စိတ်တွေအစား လွမ်းဆွတ်ခြင်း ၊ နာကျင်ဝမ်းနည်းခြင်း ခံစားချက်များ အစားထိုးဝင်လာသည်။ အားဖြင့်ဆုပ်ကိုင်ခံထားရတဲ့ လည်ပင်းထက်က နာကျင်မှုကို မေ့ကာ သူ ငြိမ်သက်မိသည်။ နူးညံ့သော မျက်ဝန်းတို့ထက်မှ မျက်ရည်များ တ,ပေါက်ပေါက် ကျဆင်းမိသည်။

"အင့် ... ဟင့် ... ဟင့် "

သူ့လက်ထဲက မရုန်းထွက်တော့ဘဲ ခေါင်းကိုငုံ့ကာ ငိုနေသူကြောင့် ဖြူအုအုလည်တိုင်ထက်မှ လက်များကို Namjoon ဖယ်ပေးမိသည်။ သွေးကြောစိမ်းများ မြင်ရသည့်လည်တိုင်ထက်တွေ သူ့လက်ရာဟာ နီရဲလျက်။ နှင်းရုပ်ငယ်လို လှပလွန်းတဲ့ ထိုသူဟာ သူ့မျက်နှာကို အုပ်ကာ ငိုနေလျက် ။

"ဟင့် ကျွန်တော် တောင်းပန်ပါတယ်။ Jimin က ကျွန်တော့်ကို ချစ်မိသွားလို့ သေရတာပါ"

နှင်းရုပ်ငယ် စကားကို Namjoon အပြည့်အဝ နားမလည်သောကြောင့် မျက်မှောင်ကြုံ့ကာ စိုက်ကြည့်မိတော့ မျက်ရည်ကြည်များနှင့် သူဟာ ပြန်လည်မော့ကြည့်လာရင်း
Jung Hoseok ရဲ့ သူ့အပေါ် စမ်းသပ်ချက်တွေအကြောင်းကို ရှင်းပြသည်။

Play Written By Villain(Completed)Where stories live. Discover now