4.1(Kookgi)

319 41 9
                                    

"ဝှား ~ ~ ~ "

ဆိုင်အပြင်ရောက်တော့ အစ်ကိုအသေးလေးက သမ်းဝေရင်း လက်တွေကိုမြှောက်ကာ ပျင်းကြောဆန့်သည်။ ထို့နောက် သူ့မျက်လုံးလေးတွေကို လက်ဖြင့် အသာပွတ်ကာ Jungkook ဘက် ငဲ့ကြည့်လာသည်။

အထုပ်တွေနဲ့ Jungkook က ဘေးချင်းယှဥ်လျှောက်နေရင်းမှ ဘေးက အစ်ကိုအသေးလေးကို ခိုးခိုးကြည့်နေသည်မှာ အခါခါ ..။

အခုတော့ သူ့ဘက်လှည့်လာသည်မို့ မရိပ်မိအောင် ရှေ့ကို ပြန်ကြည့်လျှောက်လိုက်သည်။

"Jungkook က အသက်ဘယ်နှနှစ်ရှိပြီလဲ"

"ကျွန်တော်လား ... ကျွန်တော်က ၁၇ နှစ်ဗျ။ ခုမှ တက္ကသိုလ်စတက်မှာ။ နယ်ကနေတက်လာတာလေ ... ငွေရေးကြေးရေးအခြေအနေကြောင့် အခုလို အချိန်ပိုင်းအလုပ်လေးတွေလည်း လုပ်တယ်"

"အော် "

ဆိုတော့ သူ့ဘက်တစ်ချက်လှည့်ကာ ပြုံးပြတဲ့ကောင်လေး။ ထို့နောက် အရှေ့ကိုပဲ ဆက်ကြည့်ရင်း သွားနေသည်။

Yoongi ထိုကောင်လေးဘေးက လိုက်ပါနေရင်းပင် ဘေးတိုက်မြင်နေရတဲ့ ကောင်လေး မျက်နှာကို ငေးကြည့်နေမိသည်။

ဘေးခွဲထားတဲ့ ဆံပင်လေးကို ခါလိုက်တဲ့အခါ ရှေ့ကို ခပ်အုပ်အုပ်လေးကျသွားတဲ့ဆံပင်တွေ ၊ အောက်မေးရိုးက ပြေပြစ်နေပြီး ၊

သူ့ကိုရယ်ပြတဲ့အခါ ပေါ်လာတဲ့ ယုန်သွားနှစ်ချောင်းလေးနဲ့ မျက်နှာလေးက ကလေးဆန်ဆန် ချစ်ဖို့ကောင်းတယ်လဲ ဆိုနိုင်သလို တည်တည်ကြည်ကြည်နဲ့ နေလိုက်တဲ့အခါမှာလဲ ငေးကြည့်ချင်စရာ ကောင်းတဲ့ ယောကျာ်းတစ်ယောက်သဖွယ် ချောမောလှသည်။

အရပ်ကလည်း သူ့ထက်ရှည်နေတော့ Yoongiခမျာ တချက်တချက် မော့ကြည့်နေရသည်။

အသက်တောင် မပြည့်သေးဘဲ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားရင်း ကျောင်းတက်နေရတဲ့ ကောင်လေးကို Yoongi ဒုက္ခမပေးချင်ပေမဲ့ ... သူ့မှာ ဘယ်မှ သွားစရာမှ မရှိတာ။
သွားနေတဲ့ ခြေထောက်တွေကို တိကနဲရပ်လိုက်ပြီး

"ဟို ... Jungkook ~ "

သူမရဲတရဲလေးနဲ့ ခေါ်လိုက်တော့ ခြေလှမ်းတွေကို ရပ်ကာ ချက်ချင်းဆိုသလို လှည့်ကြည့်လာပြီး ပြောလေ ဆိုတဲ့ပုံစံနဲ့ မျက်ခုံးပင့်ပြတဲ့ Jungkook။

Play Written By Villain(Completed)Unde poveștirile trăiesc. Descoperă acum