4.3(Kookgi)

330 39 19
                                    

ရောက်နှင့်နေပြီးသား လူတစ်ယောက်က စားပွဲရဲ့ တစ်ဖက်မှာ ထိုင်နေကာ Hyung ကိုပဲ ကြည့်နေသည်။

"ထိုင် Yoonငယ်"

Yoonငယ်တဲ့လား ။ Hyung နဲ့ ဒီလူရဲ့ ဆက်ဆံရေးကဘာလဲ။ ကြည့်လိုက်တာနဲ့ သူဌေးတစ်ဦးမှန်းသိသာနေတဲ့ ထိုလူက Hyung နဲ့ ဘယ်လို ပတ်သတ်နေတာလဲ။

အဖြေရှာမတွေ့သေးတော့ Hyung ပြောမှာက်ိုပဲ စောင့်ကာ Hyung ဘေးကခုံမှာ ဝင်ထိုင်သည်။ Hyung နဲ့ မျက်နှာချင်းဆိုင်ခုံက ထိုလူက အပြုံးပွင့်ခပ်သေးသေးတွေပါတဲ့ အပြုံးကို ပြုံးကာ စားပွဲပေါ် တင်ထားတဲ့ hyung လက်ကို ဆုပ်ကိုင်လိုက်ရင်း

"ကိုယ့်ကို ခုထိ စိတ်ဆိုးမပြေသေးဘူးလား Yoonငယ်"

Hyung က ဘာမှမပြောသေး။ ကြားထဲက မဆီမဆိုင် ဒေါသထွက်နေမိသူက Jungkook။ သူက ဘာလို့ Hyung ရဲ့ လက်ကို ကိုင်ရတာလဲ။ Hyung ကလည်း ဘာလို့ ဖယ်မထုတ်ပစ်ရတာလဲ။

"Jungkook ..."

ထိုလူ့လက်တွေကြားက ရုန်းထွက်လိုက်ရင်း သူ့ကိုခေါ်လာသည့် Hyung အား Jungkook ကြည့်မိသည်။

"သူက Hyung နဲ့ လက်ထပ်မဲ့ သူပဲ"

အခိုင်အမာတည်ဆောက်ဖ်ို့ ကြိုးစားနေဆဲ တံတိုင်းကြီးက ပြိုကျသွားသလို ၊ မမျှော်လင့်ထားတဲ့ မိတ်ဆက်ခြင်းက သူ့ရင်ထဲကို ဝိညာဥ်နှုတ် မြားတစ်စင်း ထိုးဖောက် ဝင်ရောက်သွားသလို။ သူပြောစရာဘာစကားမှ ရှိမနေတဲ့အတွက် Hyung ဆက်ပြောမှာကို ပင် မျှော်လင့် စောင့်စားနေလိုက်သည်။ မျက်ရည်တွေ မကျအောင် ထိန်းနေပုံရတဲ့ Hyung က သူ့အပေါ် ဘာခံစားချက်မှ မရှိတာ မဖြစ်နိုင်။

"ငါသူ့ကို စိတ်ဆိုးနေတဲ့ ရက်က အိမ်ကနေ ထွက်လာမိတာ။ ဒီရက်တွေအတွင်း ပြန်မသွားချင်လို့ မင်းဆီမှာပဲ ခိုကပ်ပြီး နေနေခဲ့တာ ... အခု သူက ... ငါ့ ကို ပြန်လာဖို့ခေါ်နေပြီမို့ ငါသူနဲ့ လိုက်သွားတော့မယ်"

အရှေ့က နှစ်ယောက်ရဲ့အပြုအမူတွေကို ပွဲကြည့်ပရိတ်သတ်တစ်ယောက်လို ခုံပေါ်လက်ထောက် ကြည့်နေတဲ့ Hoseok က မဲ့ပြုံးတစ်ခုပြုံးကာ ၊ အပြိုပြို အလဲလဲ ဖြစ်ချင်နေပုံရတဲ့ ကောင်လေးကို ကြည့်လိုက်သည်။

Play Written By Villain(Completed)Where stories live. Discover now