2.2 (Taegi)

399 48 22
                                    

တစ်ပတ်လုံးလုံး ကုမ္ပဏီမသွားဘဲ အိမ်မှာပဲ နေကာ ကြွေရုပ်ငယ်လေး အလိုကျ လိုက်ဖြည့်ဆည်းပေးနေတဲ့ Taehyung ။ သူအတတ်နိုင်ဆုံး ကြွေရုပ်ငယ်လေးကို နူးနူးညံ့ညံ့ဆက်ဆံပေးသည်။ ရလဒ် အနေနဲ့က ကြွေရုပ်လေးက သူ့အပေါ်ကို အရင်လိုမဟုတ်တော့ဘဲ ရင်းရင်းနှီးနှီးဆက်ဆံလာသည်။

သူ့ထက် သုံးနှစ်ကျော် လေးနှစ်လောက်ငယ်တဲ့ ကြွေရုပ်ငယ်လေးက ကလေးလေးလိုပဲ ယုယမှုကို သိပ်ကြိုက်တာ။

တခါတခါ သူလစ်ရင် အောက်ထပ်ကို ဆင်းပြီး အစေခံတွေ ရယ်ရယ်မောမော စကားတွေပြောနေရှာတာ။

Taehyung မကြိုက်ပေမဲ့ ကြွေရုပ်လေးရဲ့ ရယ်သံလေးကို ကြားနေရတာမို့ မသိချင်ယောင်ဆောင်ပြီး ခိုးခိုးကြည့်နေရသေးတာ။

ဒီတစ်ခါလည်း သူ့အင်္ကျီရှည်ကြီးကို ဝတ်ထားပြီး ဘောင်းဘီတိုလေးနဲ့ ကြွေရုပ်လေးက အပေါ်ထပ်ကနေ ဆင်းလာပြီး ဟင်းချက်ဖို့ လုပ်နေကြတဲ့ အိမ်ထိန်းနဲ့ အဒေါ်ကြီးတွေနား သွားထိုင်ရင်း မွှေနေသည်။

အိမ်ထိန်းနဲ့ အဒေါ်ကြီးတွေကလည်း ကြွေရုပ်လေးကို သားလေးလို သဘောထားကာ ချစ်ကြသည်မို့ Taehyung စိတ်ချသည်။

ကြည့်နေရင်းမှ စချင်လာတာမို့ Taehyung လက်ကြီးပိုက်ကာ ခပ်တင်းတင်း မျက်နှာထားဖြင့် သူတို့အနားသွားလိုက်သည်။

"Baby ဒီမှာဘာလုပ်နေတာလဲ။ Baby ကို ဘာအလုပ်မှ မခိုင်းရဘူးလို့ ငါမပြောထားဘူးလား ဟမ်!"

အကုန်လုံးက ကြောက်လန့်တကြားဖြင့် ထတောင်းပန်ကြပြီး Yoongi လေးက မျက်နှာငယ်လေးဖြင့် Taehyung လက်ကို သွားဆွဲကာ

"Daddy .. သူတို့ကို မဆူပါနဲ့။ Baby ကအပေါ်ထပ်မှာ ပျင်းလွန်းလို့ပါ။ ပြီးတော့ သူတို့က Baby ကိုဘာမှ မခိုင်းပါဘူး။ Baby က သာ ..... ဟင့် .. Daddy က ကြောက်ဖို့ကောင်းလိုက်တာ"

ဆိုကာ မျက်ရည်တွေသုတ်ပြီးငိုနေတဲ့ ကြွေရုပ်လေး။
ထိုအခါမှ Taehyung လည်း တည်တင်းထားတဲ့ မျက်နှာထားကို လျော့ကာ

"လာပါဦး Daddy ဆီ"

ငိုနေရင်း Taehyung ဆီသွားတဲ့ Yoongi ငယ်။ Taehyung က ကြွေရုပ်လေးကို ဧည့်ခန်းထဲ ခေါ်သွားကာ သူ့ပေါင်ပေါ်တင်ထားလိုက်သည်။

Play Written By Villain(Completed)Where stories live. Discover now