3(Mingi)

437 43 19
                                    

အထက်တန်းကျောင်းဝင်းတစ်ခုထဲသို့ ငြိမ့်ငြောင်းစွာ မောင်းဝင်လာတဲ့ အဆင့်မြင့်မြင့်ကား တစ်စီး။

ထိုကားပေါ်ကနေ အထက်တန်းကျောင်းသား ဝတ်စုံကို ဝတ်ထားရတဲ့ Yoongiက ကျောပိုးအိတ်တစ်လုံးကို လွယ်ပြီး မဆင်းချင် ဆင်းချင်ဖြင့် ဆင်းလာရသည်။

ခေါင်းက အောက်ကိုငုံ့ထားပြီး လွယ်အိတ်ကြိုးကို ကိုင်ကာ အားမရှိတဲ့လူလို လျှောက်နေတဲ့ Yoongi .. လှေကားထစ် တစ်ခုမှာ လူတစ်ယောက်တိုက်မိသွားရသည်။

"အ့ "

ထိုလူက သူ့ကို ပြာပြာသလဲ တွဲထူကာ

"အဆင်ပြေရဲ့လား"

Yoongi လည်း သူနဲ့အရပ်မတိမ်းမယိမ်းထိုလူကို ခေါင်းငြိမ့်ပြပြီး သူ့လမ်းသူဆက်လျှောက်သွားလိုက်သည်။

ထွက်သွားတဲ့ Yoongiရဲ့ ကျောပြင်ကို ကျောပိုးအိတ်ကို တစ်ဖက်သိုင်းလွယ်ကာ ကြည့်နေတဲ့ ကျောင်းသားလေး။

ထိုကျောင်းသားလေး ကိုကြည့်နေတာက ကားထဲက Jung Hoseok။

ထို့နောက် မဲ့ပြုံးတစ်ခုကို ပြုံးပြီး Hoshin နဲ့အတူ ကျောင်းအုပ်ကြီး ရုံးခန်းစီ ဦးတည်သွားလိုက်သည်။

"ကျောင်းသားသစ် Min Yoongi ကို ကျောင်းလာအပ်တာပါ။ သူက အဆောင်မှာ နေပါလိမ့်မယ်။ ပြီးတော့ ...."

အတွင်းဘက် အင်္ကျီအိပ်ကပ်ထဲကနေ စာအိတ်တစ်ခုကို ထုတ်ကာ ကျောင်းအုပ်ကြီးရှေ့ ချပေးတဲ့ Hoshin

"ဒီကျောင်းအတွက် အလှူငွေပါ။ သိပ်မများပေမဲ့လို့ပေါ့"

ချက်လက်မှတ်ထဲက များပြားလှတဲ့ သုညတွေကို ရေတွက်ရင်း မျက်လုံးပြူးနေတဲ့ ကျောင်းအုပ်ကြီး။

ပြီးတော့မှ ပျားသကာထက် အချိုမြိန်ဆုံးလေသံဖြင့်

"စိတ်ချပါ။ ကျောင်းသားသစ်အတွက် အဆောင်ကို အကောင်းဆုံးဖြစ်စေရပါမယ်"

ငွေ ... အရာအားလုံးက ငွေပါပဲ။ လူတွေက ငွေကို မြင်ရင် ​ဦးညွှတ်တတ်ကြတာပဲလေ။

ထိုအခန်းထဲက Hoseok ထွက်လာပြီး ကျောင်းတက်သွားတာကြောင့် လူရှင်းနေတဲ့ စင်္ကြန်လမ်းမှာ အေးအေးဆေးဆေးလျှောက်သွားနေတုန်း

Play Written By Villain(Completed)Where stories live. Discover now