0(ဇာတ်လမ်းအစ/ဇာတ္လမ္းအစ)

335 30 7
                                    

ဆေးရုံအခန်းရှေ့တခုက ခုံတန်းလေးပေါ်မှာ ထိုင်နေတဲ့ 15နှစ်အရွယ် Jung Hoseok ... ဒူးကိုပိုက်၍ မျက်နှာအပ်ကာ ငိုကြွေးနေလေသည်

ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေက နောက်ဆုံးအခြေအနေဖြစ်နေပြီကို သူ အခုမှသိရတယ် ... ငယ်ငယ်ထဲက အမေဆုံးပြီထဲက သူ့အတွက်အမေကော အဖေကော ဖြစ်ခဲ့ပြီး သူ့ကိုသိပ်ချစ် သိပ်ဂရုစိုက်တဲ့ ဖခင်ကို ဆုံးရှုံးရတော့မှာမလို့ Hoseokဖြေဆည်မရ

ညဥ့်အတော်နက်နေတာကြောင့် ဆေးရုံကော်ရစ်တာထက်မှာ လူအသွားအလာမရှိ .. မှောင်ရိပ်ကျတဲ့ ထိုနေရာလေးမှာတော့ ကောင်လေးဟာ င်ိုနေဆဲ ..။

"ကိုကို ... ကိုကို"

သူ့ကို အသာတို့ကာခေါ်နေတဲ့ ကလေးတယောက်ကြောင့် Hoseok ငိုနေတာကို ရပ်ကာ မော့ကြည့်မိသည် ၊ ဆေးရုံဝတ်စုံအဖြူလေးနဲ့ ဆယ်နှစ်လောက်ပဲရှိဦးမယ့် ကလေးလေးက သူ့ကို ချိုချဥ်တလုံးကမ်းပေးသည်

Hoseok မယူပဲ ကြောင်ကြည့်နေတော့ ထိုကလေးလေးက

"ယူပါ ကိုကိုရဲ့ ငိုနဲ့တော့နော် တိတ် ... သားသားငိုနေတဲ့ အချိန်ဆိုရင်လေ မေမေက ဒီလိုချိုချဥ်လေးကျွေးပြီး ချော့တာ အ့ခါကျရင် သားသားက မငိုတော့ပဲ ချိုချဥ်လေး စုပ်နေတာ ဟီး"

ချိုချဥ်ကိုင်ထားတဲ့ လက်လေးကိုဆန့်ထုတ်ကာ သွားတန်းညီညီလေးတွေပေါ်အောင်ပြုံးပြီး မျက်လုံးလေးမှိတ်ကျသွားတဲ့ ကလေးလေး​ကို Hoseok သဘောကျမိသည် ၊ ဝမ်းနည်းနေတဲ့ စိတ်တွေ တဝက်လောက်လျော့ကျသွားပြီး ထိုကလေးလေး ကမ်းပေးတဲ့ ချိုချဥ်ကိုယူကာ စားလိုက်သည်

"မင်းက ဒီကို ဘာလာလုပ်တာလဲ ။ 11နာရီတောင်ထိုးနေပြီ မအိပ်သေးဘူးလား"

"သားသား အိပ်မပျော်လို့ ပြီးတော့ ပျင်းလို့ပါ .. ကိုကိုကကော ဘာလို့ငိုနေတာလဲဟင်"

ကလေးလေးက Hoseokရဲ့ဘေးခုံမှာ ဝင်ထိုင်ပြီး လည်လေးစောင်းကာ မေးသည်

"ဒီလိုပါပဲ ကိုကို့အဖေက နေမကောင်းဘူးလေ ဆေးရုံတက်နေရတာ"

"ဟုတ်လား ... သားသားလဲ နေမကောင်းဘူး"

Hoseok ထိုကလေးလေးကို လှည့်ကြည့်လိုက်တော့ ကလေးလေးက သူ့ရင်ဘတ်ကို သူလက်ညှိုးထိုးပြကာ

Play Written By Villain(Completed)Where stories live. Discover now