0.3

240 25 2
                                    

မွေးကတည်းက ဘာကိစ္စပဲကြုံကြုံ သူ့ဘေးနားမှာ အမြဲ ရှိနေပေးခဲ့တဲ့ အိမ်ထိန်းကင်က သူ့ဘေးနားမှာ နေရတာ ပင်ပန်းသွားပြီထင်တယ်။

မနေ့တစ်နေ့ကပဲ ... သူ့အနားက ထွက်သွားရှာပြီ။

Hoseok ဝမ်းနည်းစွာ စျာပနဓာတ်ပုံကို စိုက်ကြည့်ရင်း Hoshin ဘက်လှည့်မိသည်။

တည်ငြိမ်လွန်းတဲ့ Hoshinက ခပ်ငြိမ်ငြိမ်လေးပဲ ထိုင်နေသည်။

သူ .. Hoshin အနားသွားလိုက်ပြီး မျက်နှာချင်းဆိုင်ကာ ပခုံးထက် လက်တင်လိုက်သည်။

"ငိုချင်ရင် ငိုချလိုက်"

လို့ ဆိုတော့ Hoshin က သူ့ကို မျက်ဝန်းသေတွေနဲ့ မော့ကြည့်လာကာ ပခုံးထက်က သူ့လက်ပေါ် လက်ထပ်တင်ရင်း ခေါင်းအသာရမ်းသည်။

"မငိုဘူး Hoseok ။
ငါမငိုဘူး ...။ အခုက စပြီး အဖေ့ကို ကတိပေးထားတဲ့အတိုင်း မင်းလုပ်ချင်တဲ့ ဘယ်ကိစ္စကို မဆို ကူညီပေးနိုင်ဖို့ ငါကြိုးစားသွားတော့မယ်"

Hoshin က သူ့ထက်ပင် သန်မာလွန်းကာ ၊ သူ့ထက်ပင် စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်တဲ့ သူတစ်ယောက် ...။

သူ Hoshin ကို စာနာစွာ ထွေးပွေ့လိုက်မိသည်။

ခဏပါပဲ ။

သူအမြဲတောင့်တခဲ့ရတဲ့ ရင်ခွင်က ပြန်လစ်ဟာ သွားတဲ့အခါမှာ စည်းချက်မညီတဲ့ သံစဥ်တွေ တစ်ပွေ့တပိုက်နဲ့ ကျန်ခဲ့ရတဲ့သူက Hoshin ...။

ထို့နောက် သူတို့နှစ်ယောက်လုံး ကိုယ်စီကိုယ်စီ အတွေးများဖြင့် နှင်းဆီဖြူတွေ ကြားက စျာပန ဓာတ်ပုံလေးကို စိုက်ကြည့်မိကြပါသည်။

အချိန်အကြာကြီးပေါ့ ....။

***

အိမ်ထိန်းကင်ရဲ့ စျာပန ပြီးကာမှ သူတို့ ကျောင်းပြန်တက်ခဲ့ကြတယ်။

Yoongi ကိုတော့ သူတို့တက္ကသိုလ်နားက ကိုယ်ပိုင် အထက်တန်းကျောင်းမှာပဲ Hoseok ကိုယ်တိုင် ကျောင်းအပ်ပေးခဲ့လိုက်တယ်။

လူကြောက်တတ်တဲ့ ကလေးငယ်ကို နေရာသစ်မှာ အနိုင်အကျင့်မခံရစေဖို့အတွက် ဘော်ဒီဂတ် နှစ်ယောက်ကိုပါ အနား ထားထားပေးခဲ့တဲ့ Hoseok ။

Play Written By Villain(Completed)Where stories live. Discover now