0.4

241 27 2
                                    

"အစ်ကို Hoshin ... ကိုကို Seokie ကောဟင်"

ကျောင်းအင်္ကျီလေးက်ို ဝတ်ထားပြီး လွယ်အိတ်လေး လွယ်ထားတဲ့ ကောင်လေးက လှေကားပေါ်က ပြေးဆင်းလာပြီး ထမင်းစားခန်းထဲ ဝင်လာကာ သူ့ဘေးက ထိုင်ခုံလေးမှာ ဝင်ထိုင်ရင်း မေးလာသည်။

Hoshin ပေါင်မုန့်ကို ယိုလေးသုတ်နေရင်း Yoongi လေးကို ကြည့်ကာ

"သူဒီနေ့ ကုမ္ပဏီမှာ ကိစ္စရှိလို့ အစောကြီး ထွက်သွားတယ်"

သူ့အဖြေအဆုံး ခေါင်းငုံ့သွားတဲ့ ကောင်လေးက ညှိုးငယ်နေသော မျက်နှာထားလေးဖြင့်

"ကျွန်တော့်ကို ဘယ်အချိန်ထိ ရှောင်နေမှာလဲ မသိဘူး"

Yoongi ရဲ့ ကလေးတစ်ယောက်လို ဖြူစင်တဲ့ပုံစံလေးကိုတော့ Hoshin သဘောကျမိသည်။

ကောင်လေးရှေ့က ပန်းကန်ထဲ ယိုသုတ်ထားတဲ့ ပေါင်မုန့်လေးကို Hoshin ထည့်ပေးလိုက်ပြီး ခေါင်းလေးကို ပုတ်ကာ

"မနက်စာ အရင်စားလိုက် ... ပြီးရင် ကျောင်းလိုက်ပို့ပေးမယ်"

"ဟုတ် "

ဆိုကာ မနက်စာကို သွက်သွက်လက်လက်ပင် စားတဲ့ ကောင်လေး။

***

"ဘော်ဒီဂတ် တွေခေါ်မထားချင်တော့တာ သေချာလား Yoongi "

"ဟုတ် ။ စိတ်ချပါ အစ်ကိုရယ် ... ကျောင်းမှာ ကျွန်တော့်ကို အနိုင်ကျင့်မဲ့ သူ မရှိပါဘူး။ ကျွန်တော့်ကို ခင်ချင်နေကြတဲ့သူတွေတောင် အဲ့ဘော်ဒီဂတ်ကြီးတွေကို ကြည့်ပြီးတော့လေ ကျွန်တော့်အနား မကပ်ရဲကြဘူး ဖြစ်နေတာ"

Hoshin နောက်က အရပ်ထောင်းထောင်းမောင်းမောင်း ဖြင့် ကျောက်ရုပ်လို မလှုပ်မယှက် ရပ်နေကြတဲ့ လူနှစ်ယောက်ကို လက်ညှိုးလေးထိုးကာ နှာတရှုံ့ရှုံ့ဖြင့် ပြောနေတဲ့ Yoongi လေး။

"ဟုတ်ပါပြီ ... ဒါဆိုလည်း အစ်ကို သူတို့ကို ပြန်ခေါ်သွားလိုက်ပါ့မယ်"

"ဟုတ် "

ပြုံးရွှင်ကာ လွယ်အိတ်ကြိုးလေးကိုင်ရင်း ခေါင်းငြိမ့်တဲ့ ကောင်လေးကို Hoshin ပြန်ပြုံးပြလိုက်သည်။

"အော ဒါနဲ့ အစ်ကို့ရဲ့ စက်ဘီးအနီလေးကောဟင် ... ကျွန်တော်မတွေ့မိလို့"

Play Written By Villain(Completed)Where stories live. Discover now