4(Kookgi)

372 43 22
                                    

ဒီတစ်ခါတော့ မျက်လုံးတွေ ပြန်မပွင့်လာတော့ရင် ကောင်းမယ်လို့ တွေးထားပေမဲ့ ပွင့်လာနိုင်သေးတဲ့ မျက်လုံးတွေက သူ့အား လှောင်ပြောင်နေသယောင်။

လက်က တင်းကျပ်မှုတွေကြောင့် Yoongi ကြည့်မိတော့ .. သူ့လက်တွေဟာ ကုတင်တိုင်နှင့် တွဲချည်ခြင်း ခံထားရသည်။

ဒီထက်ပိုပြီး နာကျင်စရာတွေပဲရှိတော့မည်ကို တွေးမိသွားတော့ သူ့ကြောက်ရွံ့စိတ်တွေက ရပ်တန့်လို့မသွား။

ဘယ်တော့များမှ Jung Hoseok ဆိုတဲ့ ခင်ဗျားရဲ့လက်ထဲကနေ လွတ်နိုင်မှာလဲ ...။

လှုပ်လို့မရတဲ့ ကိုယ်ခန္ဓာကြောင့် အိပ်ရာထက်မှာ သူလှဲနေရင်းပင် မျက်လုံးတို့မှိတ်ထားမိတော့ မျက်ရည်ပူများဟာ အဆက်မပြတ်ကျဆင်းလာရသည်။

ကျွီ ~

ပွင့်လာတဲ့ တံခါးချပ်နောက်မှာ ဝင်လာသူက Hoshin ဖြစ်နေတာကြောင့် Yoongi မျှော်လင့်ခြင်းတို့ ဖြစ်ထွန်းမိသည်။

"အစ်ကို Hoshin ~ ကျွန်တော့်ကို ကယ်ပါ"

အစ်ကို Hoshin ကလည်း သူ့ရဲ့လက်အောက်မှာပဲ ဆိုတာ Yoongi သိပေမဲ့ အကူအညီတောင်းမိတယ်။

အစ်ကိုHoshin က Jung Hoseok နဲ့မတူဘူးလေ။

ဘာစကားမှမဆိုဘဲ ကုတင်ထက်က Yoongi ရဲ့ဘေးကို ဝင်ထိုင်လာပြီး ကုတင်တိုင်တွေနဲ့ တွဲချည်ခြင်း ခံထားရတဲ့ Yoongi ရဲ့ လက်တွေကို ဖြည်ပေးနေတဲ့ Hoshin ။

ချုပ်နှောင်ခြင်းကင်းသွားတဲ့အခါ နာကျင်နေသော လက်လေးတွေကို Yoongi အသာပွတ်လိုက်ပြီး အစ်ကို Hoshin ကို မော့ကြည့်မိသည်။

အစ်ကို Hoshin က သူ့နားက ထကာ ကုတင်ညာဘက်ခြမ်းက ပြတင်းပေါက်ကို သွားဖွင့်သည်။

ထို့နောက် စောင်တွေကို တစ်ထည်ပြီး တစ်ထည် ဆက်ချည်ကာ အထုံးလေးတွေထုံးပြီး အောက်ကို ပစ်ချသည်။

"အမြန်ထွက်ပြေးတော့ Yoongi! .. Hoseok နဲ့သူ့လူတွေကို အစ်ကို ဆေးခတ်ထားလို့ နိုးလာကြဦးမှာမဟုတ်သေးဘူး။ မင်းပြေးလို့လွတ်နိုင်တယ်"

Yoongi ကုတင်ပေါ်က ထကာ ခုံပေါ်မှာ ရှိနေတဲ့ အနွေးထည်အထူ အရှည်ကြီးကို ကောက်ဝတ်လိုက်ပြီး ပြတင်းပေါက်နားက အစ်ကို Hoshin ဘေးကို သွားရပ်လိုက်သည်။

Play Written By Villain(Completed)Where stories live. Discover now