2 (Taegi)🔞

687 52 19
                                    

Warning🔞
၁၈ ယောက် စုဖတ်ကြပါ 😜
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

အဆင့်မြင့် Club Bar တခု,
Barဆိုပေမယ့် အမြင်ရှုပ်ခြင်းမရှိ။ သာမန် Barတွေလို Dance floorပါဝင်ခြင်းမရှိ။ Barတန်းနှင့်အတူ အဖျော်စပ်ဆရာတွေ .. ဆိုဖာခုံနဲ့စားပွဲဝိုင်းရှည်တွေမှာ မှာယူထားတာတွေကို လိုက်ချပေးနေတဲ့ Waiterတွေသာရှိသည်

Clubကို လာကြတဲ့သူတွေက ပိုက်ဆံရှိအသိုင်းအဝိုင်းကလူငယ် လူရွယ်တွေချည်းဆိုတာ သူတို့အသုံးအပြုတဲ့အသုံးအဆောင် .. အဝတ်အထည်တွေနဲ့ အပြုအမူတွေကတစ်ဆင့် သိရှိနိုင်သည်။ ခပ်လွှင့်လွှင့် ထွက်ပေါ်နေတဲ့ သီချင်းသံက လွဲ ဘာဆူညံသံမှ မရှိတဲ့ ဒီClub ဟာ အဆင့်အတန်းမြင့်မားတယ်ဆိုတာကို ဖော်ဆောင်ပြနေသယောင် ...။

ဒါပေမဲ့ ဒီClubထဲမှာရှိတဲ့လူတွေရဲ့ ချမ်းသာမှုဆိုတဲ့မျက်နှာဖုံးကို ခွာချလိုက်ရင် ... အားလုံးက တစ်ညတာပျော်ပါးဖို့ ရောက်လာကြတဲ့ရမ္မက်ရဲ့သားကောင်တွေသာ ...။

တော်ရုံချမ်းသာတဲ့ လူတွေဝင်ထွက်ခွင့်မရနိုင်တဲ့ ဒီClubက တခါလာပြီးရင် ရုန်းမထွက်နိုင်အောင် စွဲဆောင်မှုအားကောင်းကောင်းတွေပြည့်နှက်နေတဲ့ နေရာပင်။

One Night Standဆိုလည်းအကောင်းစား ၊ မူးယစ်ဆေးဆိုလည်း ရှယ်တွေချည်းပဲ။
နောက်တစ်ခုကောင်းတာက ဒီClubထဲမှာဘာလုပ်လုပ် ဥပဒေနဲ့ မငြိစွန်းနိုင်။

ထိုClub ကို ဝင်လာတဲ့ လူတယောက်။ သေချာပြောရရင် 24 နှစ်အရွယ် ကောင်လေးတဦး။ ထိုကောင်လေးက Clubထဲက လူတွေရဲ့အာရုံကို ဖမ်းစားထားသည်။

ထိုသူက ကျားသစ်ရောင်လည်သာကုတ်နဲ့ မဲနက်နေတဲ့ ဘောင်းဘီPantsအရှည်ကို လိုက်ဖက်ညီစွာဝတ်ဆင်ထားပြီး လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်ကာ မော်ဒယ်တယောက်လို ချောမောတဲ့သွင်ပြင်နဲ့ ခန့်ညားထည်ဝါစွာ ဝင်လာသည် ။

မိန်းမကော ယောကျာ်းပါမကျန် လည်ပြန်ငေးရလောက်တဲ့ ထိုသူကတော့ ရုပ်ချောသလောက် စီးပွားရှာတော်သည့် ထိပ်တန်းလုပ်ငန်းရှင်တစ်ဦး Kim Taehyung ပင် ..။

Taehyungရဲ့ဘေးမှာတော့ သူ့ရဲ့အတွင်းရေးမှူးတဖြစ်လဲ သူ့သူငယ်ချင်း Lee Joon Heeပါပါလာသည်။

Play Written By Villain(Completed)Where stories live. Discover now