0.5

240 27 9
                                    

"Yoonငယ် အတွက် လက်ဆောင်"

ဒီညတော့ ထမင်းစား စားပွဲမှာ အတူလာစားတဲ့ ကိုကို Seokie ကြောင့် Yoongiငယ် ပျော်မိကာ တိတ်တိတ်ကလေး စားနေတုန်း

သူ့အနား ဘူးလေးတစ်ဘူး တိုးပေးလာသည်မို့ လှမ်းယူရင်း ဖွင့်ကြည့်လိုက်သည်။

"ဟင် ဖုန်းပဲ"

ဘူးထဲက နောက်ဆုံးပေါ် ဖုန်းလေးကြောင့် Yoongi မျက်လုံးလေးပြူးကာ Hoseok ကို လှမ်းကြည့်လိုက်သည်။

Hoseokက Yoonငယ် ကို ပြန်ကြည့်ရင်း ပြုံးကာ

"ဒီရက်ပိုင်း Yoonငယ် ကို ပစ်ထားခဲ့မိလို့ ကိုယ်တောင်းပန်ပါတယ်။ ဒါက Yoonငယ် အတွက် မွေးနေ့လက်ဆောင်"

Yoongiငယ် က အံ့သြပျော်ရွှင်ဟန်ဖြင့် မျက်လုံးလေး ဝိုင်းစက်သွားကာ

"ကိုကို Seokie က ကျွန်တော့်မွေးနေ့ကို သိနေခဲ့တာလား"

"ဒါပေါ့ ။ ကိုယ့် Yoonငယ်လေးရဲ့ မွေးနေ့ကိုမှ မမှတ်ထားရင် ဘယ်သူ့မွေးနေ့ကို မှတ်ထားရမှာလဲ။ ပြီးတော့ ကိုယ်Acc ထဲ ငွေလွှဲပေးမယ်။ မနက်ဖြန်ကျ သူငယ်ချင်းတွေနဲ့ မုန့်ဝယ်စားပေါ့ ... ဟုတ်ပြီလား"

ထိုင်ခုံလေးကနေ ထပြီး Hoseok ပေါင်ပေါ်တက်ကာ Hoseokကို ဖက်လိုက်တဲ့ Yoongi ။

"ဟင့် ကျေးဇူးတင်ပါတယ် ကိုကို Seokie"

"လူကပဲ မနက်ဖြန်ဆို ၁၆နှစ်ပြည့်ပြီ။ ကလေးလေးကျနေရော ... မငိုပါနဲ့"

မျက်နှာနုနုထက်က မျက်ရည်လေးတွေကို သုတ်ပေးပြီး ခေါင်းလေးပုတ်ပေးလိုက်တော့ ခေါင်းငြိမ့်ပြကာ သူ့ပေါင်ပေါ်မှာပဲ သူ့ရင်ခွင်ကို ကျောမှီထိုင်ရင်း

ဖုန်းကို ဖွင့်ကြည့်နေတဲ့ Yoonငယ်။

"ဒီထိပ်ဆုံးက နံပါတ်က ကိုယ့်ဟာ "

"ဟုတ် "

ဖုန်းထဲက တစ်ခုတည်းသော ဖုန်းနံပါတ်ကို Favourite ထဲ ထည့်လိုက်တဲ့ Yoonငယ် ကြောင့် Hoseokပြုံးမိသွားသည်။

"အစ်ကို Hoshin ရဲ့ ဖုန်းနံပါတ်လည်း ကျွန်တော့်ကို ပေးလေ"

ခေါင်းလေးမော့ကာ Hoshin ကို လှမ်းပြောလိုက်တဲ့ Yoonငယ် ကြောင့် Hoseok မျက်မှောင်ကြုံ့လိုက်ပြီး

Play Written By Villain(Completed)Where stories live. Discover now