5.1

275 34 11
                                    

"သခင်လေးရယ် မသွားပါနဲ့ သခင်ကြီး ပြန်လာရင် ကျွန်တော်တို့ အဆူခံရမှာ"

အိမ်အောက်ထပ် အပေါက်ဝမှ ပိတ်ရပ်ကာ သူ့ကို အပြင်ပေးမထွက်တဲ့ အစောင့်ကောင်လေး နှစ်ယောက် ကြောင့် Yoongi ... Hoseok အား ဒေါသထွက်မိပါသည်။

လက်ထပ်ပြီးကတည်းက ဘယ်သွားသွား ၊ ဘာလုပ်လုပ် သူပါမှသာ Yoongi လုပ်ခွင့်ရှိသည်။ အခုလို ခြံထဲမှ လှမ်းဆင်းလျှောက်ဖို့ကိုတောင် Jung Hoseok မပါတဲ့အတွက် သူ့မှာ မလုပ်ရ။ အစ်ကိုHoshin နဲ့ Jung Hoseok တို့ အလုပ်သွားချိန်ဆိုရင် အစောင့်နှစ်ယောက်ရယ် ၊ လိုချင်တာခိုင်း ဖို့ အိမ်ဖော်သုံးယောက်ရယ်နဲ့သာ Yoongi မှာ ဒီစံအိမ်ကြီးထဲ ပိတ်မိနေရသည်။

သူများတွေအမြင်မှာ ကြွယ်ဝချမ်းသာတဲ့ စံအိမ်ကြီးထက်မှာ စံနေရတဲ့ အိမ်သူသခင်လေးဘဝက သာယာတယ်ထင်ရပေမဲ့ Yoongi အတွက် အလွန်တရာမှ ပျင်းရိငြီးငွေ့ဖွယ်ကောင်းကာ နာကျင်ခြင်းအချို့ကိုပါ ခံစားနေရသည်။

Jung Hoseok ဆိုသည်မှာ သူ့အမိန့်ကို မနာခံရင် ဘယ်လို ပြုမူတတ်တယ်ဆိုတာ သိနေကြတဲ့ အစောင့်နှစ်ယောက်က အမိန့်ကို မဖီဆန်ရဲကြလို့ သူ့ကိုပိတ်ပင်နေသည်ကိုတော့ Yoongi အပြစ်ပြောလို့မရပေ။

ခါးထောက်ကာ ဟူး ခနဲ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး အရှေ့မှ အစောင့်တစ်ယောက်ကို မျက်စောင်းစွေကြည့်လိုက်ပြီး

"Jung Hoseok ကို ဖုန်းခေါ်ပေး"

ချက်ချင်းဖုန်းထုတ်ကာ ခေါ်ပေးတဲ့ ကောင်လေးလက်ထဲက ဖုန်းကို Yoongi ဆတ်ခနဲ ဆွဲယူလိုက်ကာ နား,နား ကပ်လိုက်သည်။ ဖုန်းဝင်သွားတာနှင့် အလိုမကျတဲ့အသံကို ပေါ်လွင်စေရန် အံကို တင်းတင်းကြိတ်ပြီး ပြောလိုက်သည်။

"ကျွန်တော် ခြံထဲ လမ်းဆင်းလျှောက်မလို့။ ဒီမှာ ခင်ဗျားရဲ့ လူတွေက ပေးမသွားဘူး"

"ဟက် ခင်ဗျားက ကျွန်တော့်ကို ချစ်တယ်သာပြောတာ ဒီလောက်တောင်မှ အယုံအကြည် မရှိရင်လည်း ...."

သူ့စကားမဆုံးခင် ဖုန်းထဲမှ သူကြားချင်သော စကားကို ကြားလိုက်ရသောကြောင့် Yoongi၏ နှုတ်ခမ်းပါးတို့ နူးညံ့စွာ ကော့တက်သွားသည်။ ကျသွားပြီ ဖြစ်တဲ့ ဖုန်းကို ကောင်လေးလက်ထဲထိုးပေးလိုက်ပြီး နှစ်ယောက်စလုံးကို ဖယ်ပေး ဟူသော အကြည့်နှင့် ကြည့်လိုက်သောအခါ ဘေးကို ရှဲခနဲ ဖြစ်သွားတဲ့ ကောင်လေးနှစ်ယောက်။

Play Written By Villain(Completed)Where stories live. Discover now