1.2

3.9K 634 19
                                    

(Unicode)

လုကျစ်ရန်က တကယ်တော့ အစကတည်းက
လုကျားရှူးကို လာတွေ့ချင်ခဲ့တာ ဒါပေမဲ့ သူက
အရမ်းကို အလုပ်ရှုပ်နေခဲ့တယ် သူ့ရဲ့ကုမ္ပဏီက
ပရောဂျက်တစ်ခုက အရေးကြီးတဲ့အတွက်ကြောင့် သူအဲဒါကို ပြီးပြီးချင်း ဆေးရုံကိုထပ်လာခဲ့ပေမဲ့ လုကျားရှူးကတော့ အိပ်ပျော်နေခဲ့တယ်

လုကျားရှူးရဲ့ မျက်လုံးတွေဟာ ပိတ်ထားပေမဲ့
နဂိုကရှိတဲ့ မျက်နှာဖောင်းဖောင်းလေးက ပိန်ပါးနေပြီး ပါးတွေကလည်း အရောင်ဖျော့နေတယ်
ဒါ့အပြင် သူ့ရဲ့နှုတ်ခမ်းတွေကလည်း ခရမ်းရောင်အနည်းငယ်သမ်းနေတဲ့အတွက် ကြည့်လိုက်တာနဲ့
စိုးရိမ်ရတဲ့ အခြေအနေဆိုတာ သိသာစေတယ်

လုကျစ်ရန်က လုကျားရှူးရဲ့သူနာပြုကို မေးလိုက်တယ်
"ဒီနေ့ သူ့အခြေအနေ ဘယ်လိုရှိလဲ"

သူနာပြုက မျက်ခုံးတွေ တွန့်ကွေးလျက် ပြန်ဖြေလိုက်တယ် "လုံးဝကို လိမ်မာတယ် လုံးဝ လိမ်မာတယ် တကယ့်ကို ထူးဆန်းတယ်"

"ငိုလည်းမငိုဘူး ဂျီလည်းမကျဘူး လူကြီးတွေ
ပြောတဲ့အတိုင်း နားထောင်တယ် ၅နှစ်ကလေးနဲ့
တူကိုမတူပါဘူး"

လုကျစ်ရန်က မျက်ခုံးတွေတွန့်ကွေးလျက်
"တစ်ချက်လေးတောင် မငိုဘူးပေါ့"

သူနာပြုက ခေါင်းကို ခါရမ်းလိုက်တယ်
"သူနိုးလာကတည်းက တစ်ချက်လေးမှ မငိုသေးဘူး"

လုကျစ်ရန်က ၅နှစ်ကလေးမငိုဘူးဆိုတာ တစ်ခုခုမှားနေပြီအထင်နဲ့ သူ့ဖုန်းကို ထုတ်လိုက်ပြီး လုကျားရှူးနဲ့လီယောင်ယောင်ရဲ့ ဘဝအခြေအနေကို သူ့လူတွေကို စုံစမ်းခိုင်းလိုက်တယ်

ရက်အနည်းငယ် ကြားတဲ့အခါမှာတော့ လုကျစ်ရန်က အဖြေကို သိသွားပြီး သူ့ဖုန်းကို ချက်ချင်း ချလိုက်တယ် စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်ပြီး သူ့လက်ထောက်ကို လှမ်းပြောလိုက်တယ်
"ငါကျားရှူးရဲ့ အုပ်ထိန်းခွင့်ကို ပြန်လိုချင်တယ်"

လက်ထောက်ကလန့်သွားပြီး
"သူဌေး တစ်ခုခုဖြစ်လို့လား"လို့ မေးလိုက်တယ်

လုကျစ်ရန်က သူ့လူ စုံစမ်းလာသမျှ အချက်အလက်တွေကို ဒေါသတကြီး လွှင့်ပစ်ရင်း

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now